Thursday, October 27, 2011

ဇော်က က နေသည်


ဇော်က က နေသည် နေတိုး အကယ်ဒမီ ရသွားသည်
အကယ်ဒမီ ရသွားသော အနုပညာရှင်များသည် ထူးချွန်ကြသည် ထူးချွန်ကြသူတိုင်း ကျော်ကြားကြသူများ မဟုတ်ပါ ကျော်ကြားကြသူတိုင်းလည်း အောင်မြင်ကြသူများ မဟုတ်ပါ အောင်မြင်မှုသည် ဆိုးကျိုးများလှသော လိုတရ လက်စွပ်ဖြစ်သည် လိုတရ လက်စွပ်တစ်ကွင်းကြောင့် လူငယ်တစ်ယောက် လေလွင့်ခဲ့ဖူးသည် လေလွင့်သူ ဟူသော စာအုပ်တစ်အုပ်ကို ဆရာမြသန်းတင့် ဘာသာပြန်ဖူးသည် ဆ၇ာမြသန်းတင့်၏ ဧကရာဇ် တို့၏ ဘဏ္ဍာတိုက်သည် လူငယ်တိုင်း ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ်သည် စာအုပ် တစ်အုပ်၏ အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကို မည်သူမျှ သေသေချာချာမသိကြပါ မည်သူမျှ မသိကြသေးသော အရာကို ရှာဖွေနိုင်သူသည် လူတော်ဖြစ်သည် လူတော်သည် ပါရမီ၇ှုင် မဟုတ်ပါ ပါရမီရှိတိုင်း စာရေးဆရာ မဖြစ်နိုင်ပါ စာရေးဆရာဖြစ်တိုင်း ကဗျာမရေးနိုင်ပါ ကဗျာရေးနိုင်သူတိုင်း မောင်ချောနွယ် မဖြစ်နိုင်ပါ မောင်ချောနွယ်၏ ရထားသည် ယခုအချိန်အထိ ခုတ်မောင်းနေဆဲ ဖြစ်သည် ခုတ်မောင်း နေသော ရေစက်သံသည် ဆူညံလွန်းလှသည် ဆူညံသံတိုင်း မပူညံကြပါ ပူညံ ပူညံ လုပ်တတ်သူကို လူ မလေးစားပါ မလေးစားတတ်ခြင်းသည် မိုက်ရိုင်းခြင်း မဟုတ်ပါ မိုက်ရိုင်းခြင်းသည် မယဉ်ကျေးခြင်း မည်၏ ယဉ်ကျေးမှုသည် လူမျိုးတိုင်းအတွက် အရေးပါသည် အရေးပါသော မြန်မာအကများတွင် ခုနှစ်ထွေအကလည်း ပါဝင်သည် ခုနှစ်ထွေ အကတွင် ဇော်ဂျီကသော အကလည်း  ပါဝင်သည် ဇော်ဂျီ ကသော အက ကို ဇော်က ဟု ခေါ်ဆိုကြသည် ဇော်က က နေသည် ဟူသော ရုပ်ရှင်ဇာတ်ကားတွင် နေတိုး ပါဝင်သည် နေတိုး အကယ်ဒမီ ရသွားသော ဇာတ်လမ်းသည် ဇော် က ကနေသည် မဟုတ်ပါ သို့သော် ဇော်က  က နေသည်။   ။


မိုးအိမ်လူ

No comments:

Post a Comment