Thursday, October 27, 2011

နွေနှင့် တွဲဆက်ထားသော





မျက်လုံးဟာ
မြင်တွေ့မှုသက်သက်နဲ့
ဦးနှောက်ကို မှိုင်းတိုက်တယ်

ဒီဂရီ မြင့်တက်လွန်းနေတဲ့
နွေရဲ့ သရုပ်မှာ
နေထိုင်မှုတွေ
လှုပ်လှုပ်ရွရွ

မိုးတိမ်များ၏ အဝေးသို့ ပြေးထွက်ခြင်း

ခြေရာမဲ့ လမ်းဆွေးက
ရူးချင်ယောင်ဆောင်ခဲ့တဲ့
အားငယ်သူတို့ရဲ့ ကိုးကွယ်ရာ
သစ္စာတွေ
အထပ်ထပ်ပြိုကျရင်း
ရွက်ကြွေတွေက
နွေကို အားနာလို့။

မိုးအိမ်လူ

No comments:

Post a Comment