Thursday, October 27, 2011

ဆူနာမီ တိုက်ရိုက် ထုတ်လွှင့်မှု








မြင်နေတဲ့ အတည်တကျ မြင်ကွင်းဟာ ရုတ်ချည်း ဖရိုဖရဲ
ကျောင်းဆင်းခေါင်းလောင်း မခေါက်လိုက်ရဘူး
ကလေးငယ်ဟာ မေမေ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်
ဖေဖေတွေဟာ မိသားစုကို မျက်ဝန်းထဲမှာ ပုံရိပ်ဖော်
စိတ်ကလွဲပြီး ကျန်တာ ဘာမှ လှုပ်ရှားခွင့် မရလိုက်ကြဘူး

ဘာတွေကို ဆက်လက် တန်ဖိုးထားကြမလဲ
ခန္ဓာကို ဒရကြမ်း ဆွဲခေါ်ကိုင်ဆောင့်ပစ်တဲ့အရာ
ဆုံးရှုံးသွားပြီလို့ စောစောက တန်ဖိုးထားနေမိတဲ့ အရာတွေကို မနှမြောမိ
သူတို့ ဘယ်လို နေကြမလဲ ဆိုတဲ့ သောက ကပဲ ရင်ကို ဆောင့်တက်
မနက်က ပြုံးတဲ့ အပြုံးတွေ အမှတ်ရမိသေးတယ်
မနေ့က ဆူပွက်ခဲ့တဲ့ စကားလုံးတွေအတွက် ရင်နာမိသေးတယ်
သူ/ သူတို့ အဆင်ပြေပါ့မလား
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုခု ဒါမှမဟုတ် တစ်ခုမက ကို
အရာဝတ္ထုတစ်ခု ဒါမှ မဟုတ် တစ်ခုမက က
တိုက်မိ /  ရိုက်မိ / ဆွဲဆုပ်မိ / ၀ါးမြိုမိ / ထိခိုက်မိ ….. …  သွားပြီ
သွားပြီ…… … အခု အမှောင်ချလိုက်ရင် ပြန်ကော လင်းခွင့် ရှိပါ့မလား။

မိုးအိမ်လူ

No comments:

Post a Comment