ခံစားမှုသက်သက်နဲ့  ကျွန်တော် တို့ ကောင်းကင်မှာ လွင့်ဝဲဖို့  မစွမ်းသာတာ .... ဘာကြောင့်လဲ..?
အိပ်မက်တွေမှာ
ရွှေအတောင်ပံတို့  ဖြန့်ဝဲကြပြီ..။ တစ်ကိုယ်ရေ တမ်းတစိတ်တွေနဲ့ 
စိန်ပန်းနီတွေ ခင်းတဲ့ လမ်းမကြီးကို ငေးမောနေမိတာ ညနေတွေ
ဘယ်နှကြိမ်မြောက်သွားပြီလဲ...။ လွဲမှားရာ လွဲမှားကြောင်း စေတနာ မဲ့
ခဲ့ပေမယ့် အကြောင်းတရားတွေရဲ့  နောက်ဆက်တွဲတွေဟာ သွေးညှီနံ
့သင်းနေခဲ့တယ်..။
ကောင်းကင်ကြီးရယ်.....
ဘာလို့များ ကျွန်တော့်ရဲ့လက်ဖျားတွေနဲ့  ဝေးကွာနေရတာလဲ..။ ဘာလို့များ
အဲ့လောက်အကွာဝေးကြီးကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေ၇တာလဲ..။ အိပ်မက်တွေမှာ
ကျွန်တော်မပါဝင်ခဲ့တာ လွန်ခဲ့တဲ့  ဆောင်းရာသီကတည်းက...။
နှင်းဆီပွင့်ချပ်လွှာတွေကြားမှာ
ရူးခဲ့ မူးခဲ့ တုန်းက ဟောဒီ တသည်းသည်း၇ွာနေတဲ့ မြူမှုန်တွေဟာ အလှတရားထက်
ပိုတဲ့ အလှတရားလေးတွေနဲ့  တောက်ပလို့ ..။
နေ
့စွဲတွေဟာ ကျွန်တော်နဲ့ တစိမ်းဆန်ဆန်နေခဲ့တာ အတော်ကြာခဲ့ပါပြီ..။ ည ဟာ
ညသက်သက် နဲ့ ကျွန်တော့်ဆီအလည်မလာခဲ့တာလည်း အတော်ကြာခဲ့ပြီ....။ ဒီိလို
တိမ်ကင်းစင်တဲ့ ညတစ်ညမှာ ကျွန်တော်ရဲ့ မြတ်နိုးခြင်းတွေ ...
မိုးရွာသလို..နှင်းဆီပွင့်ဖတ်တွေအသွင်နဲ့ တသည်းသည်း ရွာသွန်းနေခဲ့တယ်..။
စကားလုံးတွေဟာ ကျွန်တော်နှုတ်ဖျားကနေ လွင့်ထွက်သွားပြီး...ေ၇ှ့က နံရံဆီကနေ
ပြန်ကန်ထွက်လာတယ်..။ လမင်းလေးရယ်.... သတိရခြင်းတွေ မီးထတောက်တဲ့ ညတွေမှာ
ကျွန်တော့်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ ..။ ညဥ့္တေစ ၦ တို့
ရုန်းကြွနေကြပြီ..။
အိပ်မက်တွေနဲ့ပဲ
လွင့်ဝဲဖို့ ကျွန်တော်ဆုံးဖြတ်လိုက်မိတိုင်း... ညတွေဟာ နက်နက်လာတယ်..။
ကမ္ဘာခြား ချစ်သူတို့ရေ... ကျန်းမာ ကြပါရဲ့လား...။ နံပါတ်တစ်ခုရဲ့
ဖိနှိပ်မှုနဲ့ ကျွန်တော် လျှောက်လမ်းခဲ့တဲ့ ဘ၀ ဆိုတဲ့လမ်းက
ကြမ်းလွန်းတယ်..။ အမှန်တရား ရဲ့ ညည်းညူသံသဲ့သဲ့ ကို ခဏခဏကြားနေမိတာ ...
မှားယွင်းမှုတစ်ခုတဲ့လား...။ နေသာသလို နေကြပါ..။ ၀ါသနာ ပါရင် သီချင်းဆို
ကြပါ..။ ကခုန်ကြပါ..။ အော်ဟစ်ကြပါ..။ ပျော် ကြပါ..။ ရွှင်ကြပါ..။ ဒီလူရဲ့
လောကဓံတရားအတွက် ပန်းတွေဟာ ပွင့်ဝေဖို့ တွန့်ဆုတ်မသွားခဲ့ကြဘူး..။
နာ၇ီသံတွေ
ညောင်းညာကိုက်ခဲချိန် ... ပြက္ခဒိန်ထဲက ရက်စွဲနီနီတွေ အဟောင်းနံ့ 
သင်းချိန်.. အရာအားလုံးပြီးဆုံးသွားချိန်.. အချိန်တစ်ခု....။ ဘယ်သူ့ 
ဘယ်သူရယ်မှ အပြစ်မဖို့တော့ဘဲ ဥပါဒါန်တစ်ခုအတွက် ဥပါဒ် တစ်ခုက
ခပ်ပြုံးပြုံးလေးရောက်လာတယ်..။ ဘယ်သူမှ မမှားခဲ့ကြပါဘူး...။
မှားခဲတဲ့သူက... ။ နှင်းဆီပွင့်ဖတ်တွေကို နှုတ်ဆက်ရင်း... ကောင်းကင်ကြီးကို
နှုတ်ဆက်ရင်း ... ကဗျာလေးကို နှုတ်ဆက်ရင်း...
အထီးကျန်ခြင်းကိုနှုတ်ဆက်ရင်း... နောက်ဆုံးအကြိမ်အနေနဲ့ ... ချစ်သူရေ
တစ်ခါလောက်လွမ်းခွင့်ပြုနိုင်မလားကွယ်..။ ဒါဟာ နောက်ဆုံးပါ... ။ ဘယ်သူမှ
မမှားခဲ့ပါဘူး...။ မှားခဲ့သူက.............။
မိုးအိမ်လူ
ဘယ်သူမှ မမှားခဲ့ပါဘူး...။ မှားခဲ့သူက.............။
ReplyDelete