Saturday, October 29, 2011

စိုက်ကြည့်မှ မြင်ရမယ့် သီချင်း



သော့ခတ်ထားတဲ့
အိပ်မက်အချို့ ရဲ့
တော်လှန်ပုန်ကန်မှုမှာ
အမှတ်တရဆိုးတွေ
ရုန်းရုန်း ကြွ

တစ်ယောက်ပဲ သိမယ့်
ရနံ့ တွေက
ညဥ့်ယံရောက်တိုင်း တေးဆို
ကျိန်စာဆိုတာ
ဘယ်အချိန်မှာ အခံစားရဆုံးလဲ

နေ လို့ရရင် နေချင်ပါတယ်
တိမ်တိုက်တွေနောက်က
လမင်းဆီမှာလေ
မြေကမ္ဘာကို ရှောင်ပြေးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ 
ဟောဒီ မိုးဦးသစ်ရွက်တွေပေါ်မှာ
အရူးတစ်ယောက်ရဲ့
ရင်တွင်း မီးတောက်တွေ ပြေးလွှားလို့  နေတယ်...။

မိုးအိမ်လူ

No comments:

Post a Comment