Wednesday, November 16, 2011

ကဗျာကကဗျာ ရေးတယ်




နေမထိထိုင်မသာ လောဘ ပိုး ထိုးမှုနဲ့ မနေ့တစ်နေ့( သောကြာနေ့ ) က အကြောင်း
ပြန်မတွေးချင်ဘူး
ဆိုလိုတာက ပြန်မတွေးချင်လောက်အောင် ဆိုးရွားမှု အမြင့်စားနဲ့ ထိခိုက်မိလို့ပဲ
ထိခိုက်မိတော့ နာသွားလားလို့ မေးမယ့်လူ မရှိအောင် ဆိုးရွားလွန်းတဲ့  အဲ ကံကြမ္မာလို့ပြောရမလား
ကံကြမ္မာက ကဗျာဆရာတွေ တော်တော်သုံးထားလွန်းလို့ နွမ်းကြေစုတ်ပြတ်နေပြီ ဆိုတော့ကာ
ဘာလို့သုံးရင်ကောင်းမလဲ ကောင်းမလဲ ကောင်းရင် မလဲဘူးတဲ့ မဖြစ်နိုင်ဘူး ကောင်းလို့ လဲတဲ့သူတွေ တစ်ပုံကြီး

ဒီလို အရေးအသားမျိုးကို ကဗျာလို့ ခေါ်မလား မခေါ်ဘူးလား မခေါ်ရင် စိတ်ဆိုးမှာ
စိတ်ဆိုးလည်း မတတ်နိုင် စကားလုံး အရူး တွေ တောင်ပျံ မြောက်ပျံ လုပ်နေတာမျိုးကိုတော့
အနုပညာလို့ သတ်မှတ်မပေးနိုင်ပေါင် ဘယ်သူပြောလဲ ဘယ်သူ မပြောလဲ
စိတ္တဇကို စကားလုံးနဲ့ အစာသွပ်ထားတဲ့ ကဗျာတွေ စာသားတွေကို အချိုးမညီ
ဝက်အူစုပ်ထားတဲ့ ကဗျာတွေ လိုင်းတွေကို ချိုးဖဲ့ပြီး ဂဟေ ဆက်ထားတဲ့ ကဗျာတွေ

တကယ်တော့ အနုပညာထဲမှာ မင်း မရှိလို့ ဘာမှမဖြစ်သလို ငါ မရှိလို့လည်း ဘာမှမဖြစ်ဘူး
အဲဒီလိုပဲ အနုပညာမရှိလို့လည်း ဘာမှမဖြစ်ဘူး ဆိုတဲ့ စကားမျိုးတွေက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတည်း
က လူပြောသူပြော မများခဲ့တဲ့ အယူအဆ တွေ ဆိုသလိုမျိုးပဲ
ဓာတ်လိုက်နေတဲ့ ဆက်ဆံရေးတွေနဲ့ အတ္တဟိတ က နေ့လွဲညစာ လွတ် လွတ် လွတ်
ထွက်သွားပြီးတဲ့နောက် သမိုင်းဟာ စာအုပ်ထဲကနေ ကွန်ပျူတာ မက်မိုရီထဲ ပြောင်း ၀င်
ဗိုင်းရပ်စ် အပြင်းစားတွေနဲ့ အနုပညာဟာ အရောင်တွေ ဖျော့ ဖျော့ ဖိုလ်ဒါတွေ ပျောက် ဒေါ့ကူမန့်တွေ ပျောက်
ဖိုင်တွေ ပျောက် စကားလုံးတွေဟာ ကိုယ်စားပြုနိုင်စွမ်း ကျဆင်းမှုနဲ့ ကဗျာဟာ ကဗျာဟာ ကဗျာဟာ ဟာ ဟာ
ဟာ ဟာ ဟာ ဟာ ဟာ ဟာ  ဟာ လက်ညောင်းတော့ ဒီမှာ ရပ်လိုက်ပြီ။

မိုးအိမ်လူ

No comments:

Post a Comment