Wednesday, November 16, 2011

လမင်းလေးနဲ့ ငါ ဝေးနေတယ်လို့ ဘယ်သူပြောသလဲ




အိပ်မက်လေးက ပြောတယ်
လွမ်းရလွန်းလို့
ညတွေကို ကြောက်နေပါပြီ တဲ့

ပန်းပွင့်လေးက ပြောတယ်
သတိရလွန်းလို့
သိမ်းထားတဲ့ ရနံ့တွေတောင် သိုးတော့မယ် တဲ့

ကောင်းကင်က ပြောတယ်
မျှော်ရလွန်းလို့
အပြာရောင်တွေ တောင် လွင့်တော့မယ် တဲ့

ကြယ်ကလေးက ပြောတယ်
အထီးကျန်ရလွန်းလို့
ကိုယ့်ကိုယ်ကို ကြွေဆင်းပစ်လိုက်တော့မယ် တဲ့

ငါ  ဘာမှပြန်မပြောမိဘူး
သူ ပြန်လာမှ ငါ့ အသက်ဓာတ် ပါလာမှာလေ
ငါ ဘာပြန်ပြောနိုင်မှာလဲ
ပြန်လာပါတော့လို့ လည်း
မပြောနိုင်ဘူး
လွမ်းလှပြီလို့လည်း
မညည်းညူနိုင်ဘူး

ဒါပေမယ့်

အခုချိန်ဆို
ငါ့ အသက်ဓာတ်လေး
ပျော်ရွှင်နေရော့မယ်။

မိုးအိမ်လူ

No comments:

Post a Comment