Wednesday, November 16, 2011

အိပ်ဆေးသောက်ခြင်း



အရေခွံ ချွတ်ခံထားရတဲ့
အိပ်မက်အချို့ရဲ့ ဖြောင့်ချက်မှာ
နောင်တက မီးလိုပူ

မကုန်နိုင်သေးတဲ့
ရှေးရေစက်ရဲ့ ဆောင်မမှုနဲ့
တွေ့ဆုံမှုတို့က အဆိပ်ဖြစ်

ဘယ်အချိန် ဘယ်ကာလ
မသိပေမယ့်
အချိန်တန်ရင် ဆိုတာက
ဝင်သက်ထွက်သက်ကို
အဓွန့်ရှည်စေ

အားလုံးကို ခ၀ါချဖို့
ကြိုးစားတဲ့အခါ
အားလုံးဟာ မာနမှာ ထစ်နေခဲ့တယ်

ရောင်းမှား ၀ယ်မှား သံသရာမှာ
ရှုံးနိမ့်ခဲ့တဲ့ အရင်းက
ဘ၀တွေ ဖြစ်တဲ့အခါ

မျက်လုံးမှိတ်လို့ အိပ်စက်တိုင်း
အိပ်မက်တွေ ၀င်မလာစေချင်။

မိုးအိမ်လူ

No comments:

Post a Comment