Wednesday, November 16, 2011

အိပ်မက် အော်သံ




မိုးနှောင်းမှာ ရွှဲရွှဲစိုခဲ့တဲ့
အိပ်မက် တစ်ပိုဒ်
သပွတ်အူထဲမှာ ငိုကြွေးနေတဲ့
ငါ့ ၀ိဥာဉ်အတွက်
ဘယ်နေ့ ဘယ်နံ ဘယ်ယတြာ
အတိတ်မဲ့ ဦးနှောက်ရဲ့
စီစဉ်ပိုင်းဖြတ်ခြင်းမှာ
အော်ပရေးရှင်း အခန်းထဲက
အော်သံ အချို့နဲ့
သံလမ်းပေါ်မှာ ရထားတစ်ကောင်
ဟစ်အော်လို့
ကုန်ဆုံးကာနီး သက္ကရာဇ်တစ်ခုက
ဆွေးဆွေးမြေ့မြေ့ သံစဉ်တွေနဲ့
လုံးကြေနေတဲ့ ရက်စွဲထဲမှာ
ကြက်ခြေခတ် အချို့ ၀ပ်တွား
မိုးသောက်ယံ အိပ်မက်နိဂုံးဟာ
အဖျားတက်လို့ နေခဲ့တယ်။

မိုးအိမ်လူ

No comments:

Post a Comment