Monday, November 10, 2014

လူသားရဲ့ ဓမ္မ


နံနက်ခင်း နှင်းတွေ ဖွဲကျနေတဲ့အခါ
ကိုယ်တို့ အမြင်မှန်မရကြဘူး
ချမ်းစိမ့်စိမ့်လေးနဲ့ အမှားကို အပျော်ကြူးကြတယ်


နေ့လည်ခင်း နေပြင်းပူတဲ့အခါ
ကိုယ်တို့အမြင်မှန်မရကြဘူး
ပူလောင်ခြင်း ဒုက္ခတွေနဲ့ အမှားကို ရမ်းကားကြတယ်


ညနေခင်း အလင်းအိုတဲ့အခါ
ကိုယ်တို့အမြင်မှန်မရကြဘူး
နွမ်းလျဖျော့တော့စွာပဲ အမှားကို ခြေပစ်လှဲကြတယ်


ကိုယ်တို့အမြင်မှန်မရခြင်းဟာ
မှားနေတဲ့ လောကကြီးကြောင့်လို့
အိပ်ရာအဝင်မှာ အတ္တကို ချော့သိပ်ခဲ့ကြတယ်။


Moe Eain Lu
၉ နိုဝင်ဘာ ၂၀၁၄

No comments:

Post a Comment