Monday, November 10, 2014

ငါ တွေးလိုက်တဲ့အခါတိုင်း ငါ မရှိသလို


ကိုယ့်ကံတရားကို ကိုယ် ဇက်ကြိုးဆွဲ ဒုန်းစိုင်းခဲ့တာပါပဲ
ဘယ်လိုက ဘယ်လို သူတို့စားပွဲဝိုင်းထဲမှာ ချာချာလည်ခဲ့သလဲ
ရာသီကူးပြောင်းသည် ဖြစ်စေ မဖြစ်စေ နှာစေးချောင်းဆိုး
စိတ်မလာရင် ယတြာ ကြီးကြီး ချေ
လွတ်တဲ့လက်က တယ်ကြီးပါလား လို့
အထိတ်တလန့်တွေးနေတဲ့ ငါးငယ်လေးတွေဟာ
ငါတို့ ဖြစ်သည် မဖြစ်သည်

လွင့်နေတဲ့တိမ်တွေဟာ သဒ္ဒါ ပြည့်မီအောင်စီရင်ထားတဲ့ ဝါကျတွေထက် လှခဲ့တယ်။

မိုးအိမ်လူ

၃ နိုင်ဝင်ဘာ ၂၀၁၄

No comments:

Post a Comment