Wednesday, November 14, 2012

ပစ္စက္ခ + မီး + ရှင်သန်မှု


. 

မပြောမဆိုချင်မိသော စိတ် ပါးစပ် နှုတ်ခမ်း အရေးတယူမဟုတ်ဘဲ လောခ့်ချထား
ယမန်နေ့ ဒိုင်ယာရီ ကွက်လပ်ကြီးငယ် က အစ ဒဏ်ရာ အတိမ်အနက်
စိတ်လွတ်ကိုယ်လွတ်ကြီး မဟုတ်ဘဲ လွတ်လပ်မှုက  ဘာ ဖရီးဒမ် က ဘာ အစ သဖြင့်
သံယောဇဉ် အထုံးအကြီးအသေး မီးနီ ပြမှု မရပ်တန့်ခြင်း ကြိမ်တို့ခံရမှု
ဘယ်လမ်းက ဖြစ်ဖြစ် စီးဆင်းမယ့် ရေ။ ထို့အတူ အလိုမတူ ၀မ်းကျောင်းနေရ။
ဘာသာစကားထဲမှာ ပိတ်မိနေပြီး ကဗျာဟာ ရှေးရှေးတုန်းကလို သျှောင်ထုံးနဲ့ မဟုတ်ဘဲ
တွစ်စတာလေး သေနတ်ပစ်သလို ဘိုကေပဲလား အဲဒီလို မသေချာမှု
မဲပြာပုဆိုး မနက်ဖြန်တွေထက် စာရင် မနက်ဖြန်သာမယ့် နေ ထဲမှာ ပိုးမွှားတွေ ပို
ပိုလာမလား ငယ်စဉ်တောင်ကျေးကတည်းက စွဲကပ်ခံရတဲ့ စိုးရိမ်စိတ်နဲ့
ကော်ဖီဒကာတွေ နေ့စဉ်နဲ့ အမျှ ရှာဖွေနေရတဲ့ ခေတ်ပညာတတ် အရာရှိငယ်
ဘ၀က နွေ မိုး ဆောင်း မခွဲမခြား တစ်ရာသီတည်း ပူလောင်အိုက်စပ်နေကြောင်း
ဒီမိုကရေစီ နိုင်ငံတော် အသစ်ကျပ်ချွတ်ကြီးမှာ နိုင်ငံကို ထမ်းပိုးထားရသူလိုလို
ပျင်းရိခြင်း အလေ့အထ ကျန်းမာရေး လိုအပ်ချက်အရ နောက်ဆက်တွဲ လူမှုရေး ကြမ်းတမ်းမှု
နာရီလက်တံနဲ့အတူ ရွေ့နေတဲ့ စိတ် ထဲ လှေနံဓားထစ် တွေ လက်ခမောင်းခတ် ဟစ်ကြွေး
နားညည်းတယ် ဘယ်လို ဆင်ထားမှန်းမသိတဲ့ ဖဲထုပ်ထဲမှာ ဘယ်လိုနံပါတ်မျိုးနဲ့
ဘ၀က ဖဲချပ်ပေါ်မှာ ကပ်ခွာလုပ်ထားမလဲ လိုလားသည် ရှိသော် မရှိသော်
ရက်စွဲ အစုတ်အပြတ်ထဲ စိတ်စွဲအမှားတွေကို စတာပလာနဲ့ ချုပ်ထားလျက် တန်းလန်း
ကမ္ဘာပြီးတော့ ကမ္ဘာပါ အခြား အချင်းအရာကြီးကြီးမားမား မရှိ ဘ၀ပြီးတော့ ဘ၀ ပါ
ထို့အတူ စကားလုံး အယိုအဖိတ်များအားလည်း ကဗျာပြီးတော့ ကဗျာအဖြစ်။

24.4.12

မိုးအိမ်လူ

No comments:

Post a Comment