Wednesday, November 14, 2012

မြိုမိတဲ့ အမြီးက ကိုယ့်ဟာ ဟုတ်မဟုတ်


. 


နောက်ခံအခင်းအကျင်း။ တောတောင် ရေမြေ။ တစ်ခုခုတွေ တစ်ခုပြီး တစ်ခု အခိုးအငွေ့တွေ အပါအ၀င်
ကြွက်ကိုက်ရာတလျှောက် ငါ သံတွေ ငါတို့ သံတွေ ဖွာလန်ကြဲ အေဒီ နှစ်ထောင်အလွန်
ဘ၀အပေါ် မက်စက်မှု အ၀ိဇ္ဇာ တဏှာ အကြီးစားကြီးနဲ့ လျှောက်လမ်းတွေ ပျောက်ပျက်ရ
မပြီးဆုံးတဲ့ ၀ါကျတွေ စာရွက်ကုန်တော့ တို့လို့တန်းလန်း အမျှင်တန်း ရှည်ရှည် စိတ်
အပုပ်နံ့ထွက် ဘော်ဒီကြီး လိုအပ်တာထက် ပိုပြီး အနံ့ မလှိုင်အောင် အဆင်ပြေရာတွေနဲ့
အဆင်ပြေနေကြောင်း လစ်နေတဲ့ စိတ်ထဲကို အညစ်ရောင်တွေ ညှစ်ချခံထားရသလား
သက်တမ်းတစ်ခုပြီးတော့ နောက်ထပ် သက်တမ်းတစ်ခု ပုထုဇဉ် ပီသမှု ဘယ်လောက်
ပရ ဘယ်လောက် အတ္တ ဘယ်ရွေ့  ရွတ်နေကျ ဇာတ်နိပါတ်ကြီးထဲက အတိုင်း ဒီဟာတွေချည်း
သိ သိ နဲ့ မိုက် သိ သိ နဲ့ မှောင် သိသိဟာ သိသိ အဖြစ် သက်သက် ကျောက်စစ်တုံး
နွေအကုန် မိုးအကူး မင်ရည်ကျဲ ရှင်သန်မှု တွေ မိုးခါးရေ ထပ်ပေါင်းမှု ဖြစ်စဉ်နဲ့
အညှိအကြေး ထုထည်တွေသာ တက်လာတယ် အဲဒီ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ဝေးရာကို
မရွေ့နိုင်သေးသမျှ ဟမ်ဘာဂါ ကိစ္စ မေ့ထားပြီး ပဲပြုတ်နဲ့ ထမင်းကြမ်း ကိစ္စကိုပဲ
မြောက်ဘက်ပြီး အနောက်ဘက် တံခါးတွေ ပျက်နေတဲ့ အိမ်ထဲမှာ ကြောင်အော်သံတွေ
ဆူတယ်ကွာ။ မနှစ်ကလည်း ဒီလိုပဲ။ လူတွေသာ ပြောင်းတယ်။ ဇာတ်လမ်း မပြောင်းဘူး။
ရိုးအီလာတော့လည်း ရိုးအီလာသလို ရိုးရိုးကြီးပဲ စကားလုံးတွေကို ကာရန် နဘေ ပြန်ချိတ်ရမလား
ချိတ်။

မိုးအိမ်လူ

No comments:

Post a Comment