Wednesday, November 14, 2012

ငါ့ကျန်းမာရေးကို ထိခိုက် ဆိုးရွားစေနေတဲ့


. 



ငါ အရမ်း ပင်ပန်းနေတဲ့အခါ ဒီလို စကားလုံးတွေ ရေးဖို့ မတတ်နိုင်ဘူး
ငါ အရမ်းမူးနေတဲ့အခါ ဒီလို စာသားတွေ ရေးသားဖို့ မတတ်နိုင်ဘူး
ငါ လူတွေကို ဒေါသဖြစ်နေတဲ့အခါ ဒီလို ၀ါကျတွေကို သဒ္ဒါ မှန်ဖို့ မတတ်နိုင်ဘူး
စာရေးဖို့ ကဗျာရေး ဖို့ ကုန်ကြမ်းဆိုလား စေ့ဆော်မှုဆိုလား ထိရှမှု ဆိုလား အဲဒီ
တစ်ခုခုမှ မရှိတဲ့အခါ ငါ ဘာ စာ ကဗျာမှ ရေးဖို့ မတတ်နိုင်ဘူး ထင်
ဘာမှ ရေးဖို့ မရှိတဲ့အခါ ငါ ဘာမှမရေးနိုင်ဘူး
အဲ့ဒါကိုပဲ မကျေနပ်နိုင်ဘဲ ငါ့ စိတ်က တစ်ခုခု ရေးချင်နေပြီး ငါ့လက်က မရေးနိုင်
စိတ်လို လက် မရ အခြေအနေကြီးနဲ့ ငါ ဟာ ဘာမှ မတတ်နိုင်ဘူး
အဲဒီလို အခြေအနေမျိုးမှာ
ငါ ပင်ပန်းနေတာထက် ပိုပြီး ပင်ပန်းလာပြီး
ငါ မူးနေတာထက် ပိုပြီး မူးဝေလာပြီး
ငါ့ ဒေါသတွေ အဆုံးအစွန် အထိ ရောက်ရှိပြီးနောက်
အဲဒီ ကိစ္စက
ငါ့ ကျန်းမာရေးကို ဆိုးရွာစေနေတယ်။


မိုးအိမ်လူ

၅ သြဂုတ် ၂၀၁၂

No comments:

Post a Comment