Monday, October 29, 2012

အသစ်လို့ပြောကြတဲ့ ခေတ်ထဲက အဟောင်းနဲ့ ဆက်စပ်သမျှ ရှင်သန်မှု


.


ပြောဖို့ ကြိုးစားပြီး ပြောလိုက်တာပဲ ဖြစ်မလာတော့လည်း စကားတွေပဲ စိတ်ထဲမှာ ကျန်တာပေါ့
စဉ်းစဉ်းစားစား ကိစ္စတွေ သိပ်မစဉ်းစားချင်တော့သလိုလို နဲ့ အတ္တကိစ္စပဲ ရှေ့တန်းတင်
စနစ်ဟောင်းထဲက / အကျင့်ဟောင်းထဲက / အစဉ်အလာဟောင်းထဲက / မကျွတ်လွတ်နိုင်
နေ့စဉ်ရက်ဆက်တွေမှာ လူမှုဆက်ဆံရေး တံတိုင်းကို ဘယ်လို ခတ်ထားရမလဲ
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတာကြီးက ရိုးလွန်းတယ်
သုံးစွဲနေတဲ့ ဘာသာစကား အဆောက်အအုံထဲမှာ နေ့စဉ်ဘ၀ကို အခါခါ စဉ်
ကြိမ်နှုန်းများ ကျင့်သားရ လက်ဖ၀ါးတွေလို တွေဝေခြင်း ကင်းမဲ့နေဆဲ
အသိအမြင်သစ်ပါ သင်ခန်းစာအသစ်ပါ အရေးအသားအသစ်ပါ ကဗျာအသစ်ပါ
ကျွန်တော်ဟာ နှင်းဆီဝါ ပွင့်ဖတ်တစ်ချပ်ပေါ်ကနေ လမင်းကြီးကို ငေးကြည့်ချင်နေတုန်း
အသွေးအသားနဲ့ တည်ဆောက်ထားပြီး သံယောဇဉ်တွေ မေတ္တာတွေ နဲ့ ပျိုးထောင်
ထားတဲ့ အသက်ဓာတ်ကိုယ်စီ ကိုယ်စီဆိုတော့ မက်မောကြမှာပဲ
ပါဠိဘာသာစကားနဲ့ ဘ၀ကို ရှုပ်ထွေးမပစ်ချင်ပဲ ရှုပ်ထွေးပစ်နေရ
ဆုံးရှုံးသွားတဲ့ အနာဂတ်တွေရော။ ပြင်ဆင်လိုက်ရတဲ့ မနက်ဖြန်တွေရော။
မင်ရည်ကျဲ စိတ်ဓာတ်တွေ ယိုစီးကျမြဲ ကျပြီးနောက် အခုချိန်မှာ
ခင်ဗျားကို အဲဒီစိတ်ဓာတ်ကြီးနဲ့ မြင်ရတာ အော့နှလုံး နာတယ်။
တစ်ခုခုတော့ ပြီးမြောက်သွားပြီး ပေးဝေသူနဲ့ လက်ခံသူ လည်း ချိန်ညီသွားပြီး
ကျွန်တော့်အိပ်မက်တွေကို အဲဒီလို အစကနေ ပြန်ကောက်ယူ
ပြီးတော့လည်း မယုံမရဲ မိုးလင်းနေရတုန်း။

5.9.12
မိုးအိမ်လူ

No comments:

Post a Comment