Monday, October 29, 2012

မြို့တော်ခန်းမ မှာ က တဲ့ က ဇာတ်မှာ ကျွန်တော် မကြိုက်တဲ့ အရိပ်တွေ ပွင့်

.


သန့်စင်မှု အပြည့် အောက်စီဂျင် ပိုပိုလျှံလျှံ နဲ့ အသက်ရှူရကျပ်တည်းခြင်း အဖြစ်ဆိုး
တိမ်မဲ့ အရိပ်မဲ့  အေးမြမှု မဲ့ မဲ့ပြုံးတွေပဲ မဲ့ မဲ့ ပြုံး
မကြားချင်တဲ့ စကားတွေပဲ အထပ်ထပ် နားထဲ ကူးသွင်း အတင်းအဓမ္မ
ဒီလို ရေပေါ်ဆီ နေ့စွဲထဲမှာ ရေပေါ်ဆီ လူသားအဖြစ် ကျောက်ရုပ်ကြီး
ခပ်ပျော့ပျော့ မယ်လိုဒီတွေနဲ့ နှပ်ထားတဲ့ စိတ်ပျော့ပျော့ ခွေခေါက်ချောင်ခွေ
ဒါဟာ အရေးမပေါ်တဲ့ ဘ၀ စာမျက်နှာ။

Lonely ။ Home sick ။ Love ။ Sex ။ သစ်ရွက်မကြွေတော့ စိတ်ရွက်ကြွေ
ကြွေရည်သုတ်ပြီး စားပွဲခုံပေါ်တင်ထားတဲ့ ဘ၀မျိုးကို မပိုင်ဆိုင်ခဲ့ခြင်း
ဆိုရိုးစကားတွေ မလှပဘူး ။ ဆိုမြဲစကားတွေ မရိုးသားဘူး ။ ဆိုထုံးစကားတွေ အပုပ်နံ့ထွက်။
 တန်ကြေးကြီး ပညာတတ်တစ်ယောက်ဖြစ်ခဲ့ပြီးမှ။ ဖုန်းလိုင်း မကောင်းဘူး။
Mixer ထဲ နှံ့အောင် အမွှေခံပြီးမှ ရေလောင်းလို့ အကျဲရည် အဖြစ်ခံရသူ။
ကျွန်ုပ်တို့အားလုံးဟာ တစ်သွေးတည်း တစ်သားတည်း ထပ်တူညီ။

အကြံဥာဏ် အကပ်အသတ် မကျန်အောင် ခြစ်ထုတ် စီရင်ရေးသား စကားလုံးများ
သေလောက်တဲ့ အလွမ်းဓာတ်အစုအပေါင်း များစွာရဲ့ ဖိစီးနှိပ်စက်မှုနဲ့
သက်သေ ခိုင်လုံစရာမလိုဘဲ အသေကောင် ဇာတ်သွင်း လို့ရတယ်
အရောင်လွင့်ပြယ် မွေးကင်စ စိတ်အသားနုမှာ ကြိမ်ရာ ဒဏ်ရာ အရှိုးရာ
ရောခ့်သီချင်းတွေကို ရောခ့်ကာကြီးတွေလို အော်ဟစ်ပေါက်ကွဲသီဆို
မောသွားတော့ Rocker တစ်ဗူး ဖောက်သောက် အမေပြောတဲ့ အမောပြေ

စိတ်ကျွမ်းလောင်စတွေ မီးခိုးပင့်လို့ လွင့်သွားသလိုမျိုး
စကားလုံးတွေမှာ ခံစားချက်တွေ ကော်ကပ်ပြီး အဲ့သလို အဲ့သလို လွှင့်  လွင့်။

31.1.12

မိုးအိမ်လူ

No comments:

Post a Comment