Monday, October 29, 2012

B + D + L + A + A + R + C + K

.



အဆင်မပြေတဲ့ ကိစ္စတွေ သိပ်များလာတော့ အ၇င်းခံကို ခြေရာကောက်ကြည့်လိုက်တဲ့အခါ
ဘာမှ မတွေ့ရဘူး ။ ကောက်နေတဲ့ ခြေရာလည်း မရှိ ဖြောင့်နေတဲ့ ခြေရာလည်း မရှိ
အကျိုးအကြောင်းမဲ့ အောက်စီဂျင်ရှူရှိုက်မှုက ရင်ခွဲရုံကုတင်ပေါ်က လူသေကောင်ထက် မပို
လိုအပ်ချက် ဖုန်းခေါ်ဆိုမှုတွေ ပြတ်တောက်သွားတယ် ဆန္ဒစစ်စစ် အီးမေးလ်တွေလည်း အလားတူ
ဆိုလိုရင်းတွေ ပျောက်ပျက်သွားတဲ့ စာတမ်းရှည်ကြီး တစ်ခုလို သူတို့ အခေါ် Lifestyle က ဂွမ်း
နေပြီ မလန်းနိုင်တဲ့ နှစ်ဆယ့်လေးနာရီ ရက်သုံးဆယ် / သုံးဆယ့်တစ် / နှစ်ဆယ့်ရှစ် / ကို လုံး
အပုပ်နံ့သာ ထွကလို့လာတယ်
မှတ်တိုင်မှာ စောင့်နေရင်း မမီလိုက်တဲ့ ဘတ်စ်ကားတွေနဲ့
နာမည်ကြီး အမှတ်တံဆိပ် စံတော်ချိန် အတိအကျ နာရီ ပတ်ထားပါလျက် နောက်ကောက်ကျမှုတွေ
စိတ်ရဲ့ စံနက်တံကို ဘယ်လိုစိတ်နဲ့ မီးရှို့ ။ စိတ်ကူးယဉ် လှလှပပလေးတွေ ရောင်းချတဲ့နေရာ
ရှာဖွေဖို့ ကို စိတ်က မရွေ့လျားနိုင်ခြင်း ။ ကမ္ဘာ့ကမ္ဘာတို့ နေ၀င်ကုန်ပြီ။
မီးအမှောင်ကျနေတဲ့ စိတ်တစ်ဖက်ခြမ်းမှာ ယောင်မှားလို့ ပွင့်မလာတဲ့ လမင်းနှင့် ကြယ်များ။
တိတ်တိတ်ဆိတ်ဆိတ်။ နံရိုးကြားက ပုံပြင်တွေကို နှဲ့ထွင်ပြီးတဲ့နောက်။
လာရာလမ်းအတိုင်း လည်ပြန်မျှော်။ ကြည့် ။ ငါးကလေးတွေ စိတ်ကို ကိုက်သွား။
စိတ်အမှောင်လမ်း စိတ် အမှောင် ခရီး စိတ် အမှောင် ခန္ဓာ စိတ်ဟာ အမှောင် အတိ
အမှောင့်ပယောဂ မိလေသလား။ နေ၀င်ချိန် တချက်ချက် ရထားကြီး နှလုံးသားကို ကြိတ်ချေ
စိတ်ဟာ အလင်းကို မရှာ ။ အလင်းနဲ့ဝေး။ အလင်းဝေး ဆိုတဲ့ စကားပြေတစ်ပုဒ် ရေးသားဖူး။
စိတ်ဖွင့်တဲ့စကားလုံးတွေလည်း သံချေးတက် အသွားတုံးသွားတဲ့အခါ
စိတ်ဟာ အမှောင်။ အမှောင်စိတ် နဲ့။ အမှောင့်ပယောဂမှာ မှောင်မိုက်ဆဲ။

1.2.12

မိုးအိမ်လူ

No comments:

Post a Comment