လရောင် ရွှန်းမြ ညတစ်ညမှာ လေပြေလေးက
တသုန်သုန် ကြယ်စင်တွေက တလက်လက်နဲ့ ငါ့ရဲ့ အထီးကျန်မှုတွေ ဟာ အားငယ်လို့
သူတို့ နဲ့ အပြိုင် မတောက်ပနိုင်တော့ဘူးလေ..အဲဒီလိုမျိုး လှလှပပ
စာသားလေးတွေ အချစ် ကဗျာ/၀တ္ထုတွေ ထဲကလိုမျိုး အချစ်နဲ့ ဓာတ်မတည့်တဲ့ အခါ
သိပ်ကို ခံစားလို့ကောင်းတဲ့ အနေအထားတစ်ရပ်အဖြစ် သို့ပေမယ့်လည်း နေရာမရွေး
အခြေအနေ မရွေး ဘာကိုပဲ ဖြစ်ဖြစ် လွမ်းလွမ်းဆွတ်ဆွတ်ကြီးကို အချစ်အတွက်
ဆွေးနေတဲ့သူကတော့ စုတ်ပြတ်သတ်နေတဲ့ ၀တ်စားဆင်ယင်မှုနဲ့ ဖိုသီဖတ်သီ
စိတ်ခံစားမှုတွေ နဲ့ ညစ်ထေးနေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ အကာအကွယ်မဲ့ ခြေဖ၀ါးနဲ့
တွေ့ကရာလမ်း အကုန်လျှောက် ပါးစပ်က အချစ် အချစ် တစ်ရံရော အခါက
ဇာတ်လမ်းချိုချို တစ်ပုဒ် သို့မဟုတ် ချိုပြီးမှ ခါးသွားသော
ဇာတ်လမ်းတစ်ပုဒ်ကြောင့် အခုလို ရဲရဲရင့်ရင့် လူရှေ့မရှောင် လူအုပ်မရှောင်
အချစ်ကို အော်ဟစ်ရဲခဲ့သလို လူတွေကတော့ သူ့ကို သိပ် အရေးမထားတော့ဘူး ဆိုတာ
သိလိုက်ပေမယ့် သူ့ခဗျာ အရေးမထားလည်း အချစ်ပဲ အရေးထားလည်း အချစ်ပဲ အိုဘားမား
သမ္မတဖြစ်တာလည်းအ ချစ်ပဲ ဗြိတိန် အဓိကရုဏ်း ဖြစ်တာလည်း အချစ်ပဲ ဧရာဝတီ
မြစ်ကြီး စီးဆင်းတာလည်း အချစ်ပဲ မော်ဂန်ဖရီးမန်း တစ်သက်တာ ဂုဏ်ထုးဆောင်ဆု
ရသွားတာလည်း အချစ်ပဲ နေသာတာလည်း အချစ်ပဲ မိုးရွာတာလည်း အချစ်ပဲ ပန်းတွေ
ပွင့်တာလည်း အချစ်ပဲ ပန်းတွေ ကြွေတာလည်း အချစ်ပဲ အချစ်က ဘ၀ တစ်လျှောက်လုံး
မဟုတ်ဘူး သံသရာတစ်လျှောက်လုံး အရေးပါအရာရောက်တဲ့ အရာတစ်ခု ဖြစ်ခဲ့သလို
ရိုမီယို ဂျူးလိယက် လောက်တော့ သူက သနားသေးသတဲ့ ဒီလိုနဲ့
ရှင်သန်မှုတစ်ခုလုံးဟာ အချစ်နဲ့ ပဲ အလုံးစုံ ပြည့်စုံ လူတွေ သူ့ကို
ထမင်းကျွေးတာလည်း အချစ်ကြောင့်တဲ့ အဲဒီလို အချစ်ကို စိတ်ကမချ အချစ်ကဗျာတွေ
ကဗျာတွေလို့ သူက ပြောတာ အုတ်နံရံတွေပေါ် အုတ်နီခဲနဲ့ ရေး မီးသွေးခဲနဲ့ ရေး
အချစ်သီချင်းတွေ အဆွေးသီချင်းတွေ မကွေး – ဧရာဝတီကောက်ကြောင်း
ကမ်းနားလမ်းတစ်လျှောက် စုံတွဲလေးတွေ ရှေ့ သွားသွား အော် ကာလသားအချို့
သူ့ကို ကြည့်ပြီး တဟားဟား လှောင်ရယ်တော့ သူက မျက်နှာလေးကွယ်ပြီး ငါ့ထက်
ထူးချွန်မယ့် မျိုးဆက်ပဲဆိုပြီး တခစ်ခစ်နဲ့ တစ်ယောက်တည်း
လှောင်ရယ်တဲ့သူတိုင်းကို အဲ့လို တခစ်ခစ်နဲ့ တစ်ယောက်တည်း အချစ်နဲ့
ဆွေမျိုးစပ်လို့…။
မိုးအိမ်လူ
No comments:
Post a Comment