Sunday, August 21, 2016
မှန်ပြတင်းရဲ့ တစ်ဖက်တစ်ချက်စီ
ဘဝအကြောင်း အသံထွက် မရွတ်ဆိုနိုင်ခင် ရှင်သန်မှုကို စာလုံးပေါင်းမှန်အောင် မရေးနိုင်သေးတဲ့ လူများရယ်၊ငါ ရယ်
မရယ်ခဲ့ဘူး။ ပြက်လုံးဟာ ကမ္ဘာကျော်တယ်ဆိုရင်တောင် မရယ်ခဲ့ဘူး။
စိုစွတ်ထိုင်းမှိုင်းနေမိသမျှ ပေါင်းမြက်တွေသာ ပျော်ပျော်ရွှင်ရွှင် ထကြွ ဖွံ့ထွားလာ
ရေဒီယို သီချင်းတစ်ပုဒ်စာ ငါ လွမ်းနေတတ်မြဲ
ပရိုမိုးရှင်းနဲ့ ပြုံးဖြီးရောက်ချလာတဲ့ မိုးရေစက်များ
မရေးတော့ဘူးလို့ အားတင်းထားလည်း ရောက်လာခဲ့တာပဲ
အသံဟာ အက်ကွဲပြီးတဲ့နောက် ပျောက်ကွယ်သွားဖို့
နေ့စဉ် ခရီးတိုများနဲ့ပဲ အချိန်ဟာ အငွေ့ပျံခဲ့
ငါ ဘယ်ရောက်နေလဲ ငါ မေးနေသမျှ ငါ ပြန်မဖြေနိုင်ဘူး။
မိုးအိမ်လူ
၉.၈.၁၆
Subscribe to:
Post Comments (Atom)
No comments:
Post a Comment