.
စာရွက်မလောက်ငမှာ မပူပန်နဲ့။ ဒီစာရွက်ပြည့်သွားရင် နောက် စာရွက်တစ်ရွက်
ထပ်ဆက်ပေးမယ်။
စကားလုံးတွေသာ အသင့်ပြင်ထား။ ၀ါကျ ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ။ စကားလုံးတွေပဲ.။
သောက်ကျိုးနည်း ဖြစ်ရပ်တွေ ခံစားဖို့ ရှားပါးနေပုံ။ ယနေ့ ကိုယ်နဲ့ ဆက်စပ်သမျှကလည်း
ထူးမခြားနား။
ပျင်းရိဖွယ်ကြီး ဆိုတော့ကာ။ အနုပညာရဲ့ အတွင်းက ကဗျာဆိုတဲ့ အရာဟာ လူတွေ
အတွက်တော့
အများအားဖြင့် အရေးမကြီးခဲ့ဘူး။ ၎င်းအရေးမကြီးသည်ကိုပဲ ရေးကြီးခွင်ကျယ်
လုပ်နေရတဲ့
ကိုယ်တို့ အခြေအနေက အမှန်စစ်စစ် အခြားလူတွေထက်သာလွန်နေပြန်တယ် ဆိုတော့လည်း။
မြန်မာနိုင်မှာ အပေါဆုံးက ကဗျာဆရာ ဖြစ်လာပြီး မော်ဒယ်လ်တွေနဲ့ တန်းတူ
အရေအတွက် များပြား
လာသော်ငြား။ မိုးယုစံလို မော်ဒယ်လ်မျိုးသာ တစ်မိပေါက် တစ်ယောက်ထွန်းမယ်။
အရည်အသွေး
ပြည့်မီတဲ့ ကဗျာဆရာဆိုတာက။ လမ်းလယ်ခေါင်က ခိုအုပ်ကြီး ရုတ်တရက် ထပျံသွားပုံ။
ဆောင်းမလွတ် နွေမလွတ် အင်္ကျီကြီး ၀တ်ပြီး စကားလုံး လိုက်ဖမ်းနေသူ။ ခင်ဗျား
ကဗျာတွေကို
မျဉ်းကြားက ကူးခိုင်းဖို့ မမေ့လေနဲ့။ အထက် အောက် ဖိစီးတဲ့ ကိစ္စဆိုတာမျိုးက။
နိုင်ငံရေးမှာ
ဒီမိုကရေစီဟာ အသားကျ ပျော်ဝင်ဖို့ အသင့်ဖြစ်နေတဲ့ အထာ။ အဲဒီ တောက ထွက်ခဲ့ပြီ
ဆိုရင်ဖြင့်။
ကိုယ့်လမ်း ကိုယ် ဖောက်။ ကိုယ့် အိပ်မက် ကိုယ် စကားပြေပြန်။ မနက်ဖြန်ဆိုတာကတော့ဗျာ။
အယ်လ်ပီ မဟုတ်ရင် အခြားဟာ ဖြစ်မှာပေါ့။ အဓိက က ကဗျာဖြစ်ကြောင်း သိသာဖို့
လိုရင်း။
အဲဒီကဗျာဟာလေ အဲဒီ ဦးထုပ်ကြီး မဆောင်းပါနဲ့လို့ ပြောထားရက်နဲ့။ တစယောက်တစ်ပေါက်။
မြို့ရိုးတလျှောက် စိတ်ကူးတွေ မျှားနေပုံ။ ဒါတွေဟာ အွန်လိုင်းမှာ တွေ့နေကျ
အသံတွေ။
ဗျည်း သရ မလွယ်ရင် တစ်ခုခုနဲ့ပေါ့။ လေ ဖမ်း ဒန်း စီး။ ဘယ်လို စီးကြမလဲ။
ဘယ်သူမှ မသိတဲ့ မသုံးဖူးသေးတဲ့
စကားလုံးတော့ ရှိမယ်။ ဘာလဲဆိုတော့ ။ မသိသေးဘူး။
လေ ဖမ်း ဒန်း စီး။
မိုးအိမ်လူ
၁၄ နိုဝင်ဘာ ၂၀၁၂
No comments:
Post a Comment