Sunday, April 15, 2012

ပြိုကွဲမှု ဖြစ်စဉ် အချို့





ကိုယ့်မြို့ရိုး ကိုယ် ဖြိုဖျက်
မုန်တိုင်း ၀င်ခဲ့တဲ့ ညက
အလင်း တစ်သိုက်
အိမ်ပြန် မရောက်ခဲ့ကြဘူး

စေစားရာ အကြောင်းတရား အချို့
လမ်းမှာ ပျောက်ပျက်ခဲ့တဲ့
နေ၀င်ရီတရော အိပ်မက်တွေ
ရွက်ကုန်လည်း ကြွေပြီးရော
သီချင်း တစ်ပိုင်းတစ်စ နဲ့
ခြေသံတွေ ပြန်ရောက်လာကြတယ်

မိုးနှင်းတွေ
တလက်လက် ခုန်ဆင်းတုန်း..။



မိုးအိမ်လူ

1 comment:

  1. ပြိုကွဲမှု ဖြစ်စဉ် အချို့ ......

    ReplyDelete