Sunday, April 15, 2012

ဝမ်း စက္ကန့် အီမိုးရှင်း





တစ်စုံတစ်ရာဟာ
ငါ့ ဦးနှောက်ကို
တံဆိပ်ရိုက်ပြီးချိန်
တံဆိပ်ရိုက်ပြီးသား
ငါ့ ဦးနှောက်ဟာ
အတွေး တစ်စုံတစ်ရာကို
ဖြန့်ထုတ်
ဖြန့်ထုတ်ထားသမျှ
သိမ်းမနိုင် ဆည်းမနိုင်
အနားတွေကား
နားတွေကား
ကားယား ကားယား နဲ့
လက်မှိုင်ချထိုင်
လက်မှိုင်ချထားရတဲ့ ခန္ဓာ
လက်မှိုင်ချထားရတဲ့ စိတ်
လက်မှိုင်ချထားရတဲ့ ဦးနှောက်
ဇာတ်လမ်းက အဲဒီမှာ စ ပြီးတာပဲ။



မိုးအိမ်လူ

No comments:

Post a Comment