Friday, September 16, 2016

ကြိယာများ ပျောက်ဆုံးခြင်း



အလယ်အလတ် တန်းစား
နေ့စဉ် ရက်စွဲ

မပြယ်နိုင်တဲ့ မီးခိုးငွေ့
အသက်ရှူကြပ်နေတဲ့ တောင်ကတုံး

 ခြစ်ချထားတဲ့ အမှတ်အသား
အမှောင်ထဲက မျက်ရည်စီးသံ

လူခေါ်ခေါင်းလောင်း
အပျင်းပြေတိုက်ခတ်နေတဲ့ လေ

မိတ်ဆွေ၏ ဖိတ်စာ
ဓားဦးချွန်ထက်က အထီးကျန်ခြင်း

ရှုံးနိမ့်ခြင်း ရယ်မောသံ
Black Hole ထဲ ကျွံနေတဲ့ ခြေထောက်တစ်ဖက်

အသံမြည်ပြီး မရွေ့တဲ့ နာရီလက်တံ
ကလေးဘဝက ထိုင်ခုံပု အဟောင်းကလေး။

မိုးအိမ်လူ
၁၄.၉.၂၀၁၆
ညနေ ၄နာရီ ၅၈မိနစ်

No comments:

Post a Comment