Friday, September 16, 2016

အပြင်းတွေ သောက်တိုင်း ဖြစ်ရတဲ့ ကိစ္စ



ဘယ်သူမှ ရေရောတာ သိပ်မကြိုက်လှဘူး
ဒီလိုပဲ အကျင့်ဖြစ်နေတဲ့အတိုင်း ပြုံးပြလိုက်တယ်
နှစ်ဦးနှစ်ဖက် အကျိုး စီးပွားဖို့ တစ်ယောက်ကိုတစ်ယောက်
ခြေဆုံး ခေါင်းဆုံး အတွင်းထဲထိ ထိုးဖောက် လှန်လှောကြည့်
ရေရောထားတဲ့ ရွှေရည်တွေ ငါ့ရှေ့ကနေ ဖယ်လိုက်စမ်းကွာ

ကြယ်ပြောက်ကြယ်မွှန်း တွေ နဲ့ စကားတွေက တောက်ပလှရဲ့
အပေးအယူကိစ္စတွေ နိုင်ငံပိုင်သတင်းဌာနတွေက တရားဝင်ထုတ်ပြန်ပြီးပြီ
လက်ဆွဲခလုတ်ကို ဘယ်သူဆော့နေသလဲ
မီးလင်းလိုက် မီးမှောင်လိုက် မီးတောက်လိုက်
အဲ့ဒီရေရောထားတဲ့ အရေးအသားတွေ ပိုစ့်လုပ်တာတွေ တော်ကြစမ်းကွာ
တည့်လွန်းတော့ ရွဲ့သွားတာပေါ့ လမ်းကြောင်းမှန်သမျှ
ရွဲ့သမျှ အမှားကောင်ကြီးဖြစ်ပြီးတိုင်း ရေမရောတာပဲ ကြိုက်တတ်လာ
ကြောင်တွေကလည်း ကြောင်တွေပဲ အကျင့်ကို မဖျောက်
ကြွက်တွေကလည်း ကြွက်တွေပဲ အသံကို မရပ်
ဝက်တွေကလည်း ဝက်တွေပဲ ခဏလေးကို မနား
အဲ့ဒီရေရောထားသမျှ ရေထဲသာ သွန်ပစ်လိုက်ကြစမ်းကွာ။

မိုးအိမ်လူ
၁၅.၉.၂၀၁၆
ည ၈နာရီ ၂၂မိနစ်

No comments:

Post a Comment