Thursday, January 17, 2013

ငါ့ကို ခွင့်လွှတ်ပါ





သူရော ကိုယ်ရော ဇီဝဗေဒထဲမှာ ပါဝင်တယ်
ဘေစ့်များနေတဲ့ မြေဆီလွှာမှာ အဲဒီသစ်ပင် ပေါက်တော့
ကလိုရိုဖီးလ်ဟာ ငယ်ငယ်ရွယ်ရွယ် အရိုင်းစိတ်
ကိုယ်တို့ နာမည်တွေ ကျမ်းစာတစ်ခုမှာ ပါဝင်လာမယ်လို့
ပျောက်ဆုံးနေတဲ့ နံရိုးက မသိရှိလေခြင်းဟာ
ရီဆိုင်ကယ် သုံးလို့ မရတဲ့ အတူတူ ဒိုင်နိုဆောတွေကို
ကိုယ်တို့ အတူ ချုံ့ပစ်ခဲ့ကြ
ဘော်ဘီလေးရဲ့ ပလပ် ပလပ် လျှာ လျက်သံကနေ
တေးသီချင်းတွေ စတင် ပေါ်ပေါက်လာတယ်ပြောရင် စိတ်ဆိုးကြမလား
ခင်ဗျားတို့ လိုချင်တဲ့ အဖြေ ဟာ ကျွန်တော့်ဆီမှာ မေးခွန်းဖြစ်နေခြင်း
ရှုပ်ထွေးသမျှ ထွေးယှက်သွားတဲ့ အခါမှာ
နံရိုးလေးရေ… ပြန်ခဲ့တော့ကွယ်
ငါတို့ဟာ ကမ္ဘာဦးလူသားတွေ မဟုတ်ကြတော့ဘူးတဲ့။

မိုးအိမ်လူ

No comments:

Post a Comment