Thursday, January 17, 2013

လှုပ် လှုပ် မြင်းက မလှုပ် လှုပ် လှုပ် လှုပ်





ဖတ်နေတဲ့ ၀ါကျဟာ ဇက်ကြောတွေ တက်နေပြီ
တွားသွား စကားလုံးတွေ မိုးကို မျှော်မျှော်ကြည့်တတ်လွန်းလို့
စစ်ပြန် တွေ အကြောင်း စစ်ပြန် တွေ အ ကြောင်း  စစ်ပြန်  စစ်ပြန်.....?
အဲဒီနေ့ကနေ မဟုတ်သေးဘူး ယေဘူယျ အတိအကျ ပြောရေးရရင်ဖြင့်
မစ္စတာမောင်မှိုင်း ဟာ မစ္စတာ ဘွန်း နဲ့ မတူခဲ့ဘူး
ရူပဗေဒ အလိုအရ ဖြစ်ဖြစ် ဓာတုဗေဒ အလိုအရ ဖြစ်ဖြစ် မပျက်ယွင်းဘူး
တစ်ခုခု ကို လိုချင်တယ်လား ။ တစ်ခုခု ရချင်တယ်လား။ တစ်ခုခု ခံစားလိုက်ချင်တယ်လား။
ဒန် တွေ ၀ယ်တယ် ကြေးတွေ ၀ယ် တယ် ဟောဒီက မုန့်စိမ်းပေါင်းးးးးးးးးးးးးးး
ဒါပဲလေ ဒါပဲပေါ့ အခြား ဘာရှိနိုင်သေးလဲ မြို့ပတ် ဘတ်စ်ကားပေါ်မှာ ကိုယ့် အသက်ရှုသံတွေ ကျန်ခဲ့တယ်
ယနေ့ ဆောင်းရာသီ ဖြစ်၍ ချမ်းအေးသော အကြောင်း ကို မဖွဲ့ဖြစ်ခြင်းသည်
ကဗျာဆရာ ၏ ရိုးသားမှု အစစ်အမှန်သာ ဖြစ်ပါသည်။
အား လုံး အား လုံး
ကျေးဇူးပြု၍ ခဏလောက် ငြိမ်ပေးကြပါ
အား လုံး အား လုံး
သူလို ကိုယ်လို မောင်ဝဏ္ဏတွေ ချည်း ဆိုတာ မငြင်းနိုင်မှန်း သိရဲ့နဲ့ကွယ်။



မိုးအိမ်လူ
၁၅ ဇန်န၀ါရီ ၂၀၁၃
ည ကိုးနာရီ ငါးဆယ့်ခြောက်မိနစ် စက္ကန့်အနည်းစွန်း

No comments:

Post a Comment