Saturday, June 25, 2016

မိသားစု




မြန်မာပြည် မြောက်ဖျားက ကျောက်စရစ်ခဲလေးရယ်
မြန်မာပြည် တောင်ဖျားက ခရုခွံလေးရယ်
အရှေ့ဘက် ကုန်းပြင်မြင့်ဆီက ရေတံခွန်းလေးရယ်
အနောက်ဘက် ကမ်းရိုးတန်းက ကျွန်းစုလေးရယ်

အတူတကွ
နံနက်ခင်း နေရောင်ခြည်မှာ နွေးထွေးခဲ့တယ်
အတူတကွ
ညကောင်းကင်မှာ ကြယ်တွေကို ရေတွက်ခဲ့တယ်

ဝေးနေခဲ့သလားဆိုတော့ မဝေးခဲ့ဘူး
အတူတကွ ရှိခဲ့သလားဆိုတော့ မရှိခဲ့ဘူး
စိတ်တစ်ခုတည်းနဲ့ အဓိပ္ပာယ်တစ်ခုတည်းဖြစ်အောင်
အတူတကွ ကြိုးစားဖွဲ့သီနေခဲ့ကြရ။

မိုးအိမ်လူ
21.6.2016

No comments:

Post a Comment