မျှော်လင့်ချက်။
မျှော်လင့်ခြင်းများကို စီစစ်ရေတွက်ရင်း နေ့ ရက်များကို တစ်ရက်ပြီး တစ်ရက်
သေမင်းဆီမှာ ပေးချေနေခဲ့သည်။ ရောက်ရှိမလာသေးသော အရာများကို ကြိုတင်တွေးတော
စိတ်ကူးယဉ်ခြင်းသည် လူသားတို့ ၏ အာဟာရ ဖြစ်သည်။ နွေရာသီတွင် ရွာသော
မိုးရေစက်များသည် မိုးရေစစ်စစ်များ ဟုတ်မဟုတ် သိပ်မသေချာလှပါ။ အစ
ဆွဲထုတ်ထားသော ပြဿနာ အရှုပ်အထုပ်များသည် ယခုအချိန်တွင် မရိုးမရွနှင့်
လှုပ်လှုပ်ရှားရှား ဖြစ်နေပြီ။
နံနက်ခင်းသည်
သာယာဖို့ ကောင်းသင့်သည်။ ကြည်နူးစရာကောင်းသော အပြုံးများကို မည်သူမဆို
သုံးစွဲလိုကြသည်။ ရာသီဥတု ၊ အချိန်နာရီ ၊ နှစ်လနေ့ ရက် ၊
ဇရာအိုမင်းခြင်း….. အကောင်းအဆိုးသည် အစကတည်း က ကိုယ့်ရပ်တည်ချက်နှင့် ကိုယ်
အမြစ်တွယ်ပြီးသား ဖြစ်သည်။
*
ရွေ့ လျားခြင်း။
နံနက်က ဆိုခဲ့သော တေးတစ်ပုဒ်၏ အမည်ကို ကျွန်တော်မမှတ်မိတော့ပါ။ ယခု
ကျွန်တော် သီဆိုနေသော သီချင်းမှာ Hip Hop သီချင်းတစ်ပုဒ် ဖြစ်ပါသည်။
ကြောင်တစ်ကောင်၏ ပွတ်သီးပွတ်သပ် လုပ်တတ်သော အပြုအမူမျိုးကို
ကျွန်တော်မုန်းတီးပါသည်။ ခေတ်အခြေအနေအရ စကားလုံးများ၏
ကိုယ်စားပြုနိုင်စွမ်း သည် ကျဆင်းနေပါသည်။
နေခြည်တစ်ပွင့်ကို မြှောက်ကစားရင်း ကျွန်တော် ရေချိုးနေပါသည်။ ထိုဝါကျကို
သင် နားလည်ပါသလား။ ခက်တော့ခက်သည်။ နားလည်ရခက်ခဲသည်ထက် အသက်ရှူရ
မကျပ်တည်းဖို့  ပို၍ အရေး ကြီးသည်။ နေ့ စဉ် ရှင်သန် နေထိုင်ခြင်းတွင်
အဓိပ္ပာယ် များသည်ရောင်စုံ ပူဖောင်း များသဖွယ် ။ ကျွန်တော်သည် အိမ်ပြေး
တစ်ယောက်ဖြစ်ပါသည်။
အနောက်ဘက် ကောင်းကင်တွင်
လမ်းလျှောက်ထွက်နေသော တိမ်တိုက် များသည် ကျွန်တော့်အတွက် အဆိပ်အတောက်များ
ဖြစ်ပါသည်။ မြစ်ရေပြင်တွင် အရိပ်ထင်နေသော တိမ်တိုက်များကို ငါးအချို့ 
ကိုက်ဝါး နေကြသည်။ လွန်ခဲ့သော တိမ်ပြို နေ့ များကို ကျွန်တော်
မေ့ဖျောက်ထားပါသည်။
*
မီးလင်းဖို ။
နတ်ကောင်းသည် မီးလင်းဖို ထဲသို့  ထင်းများကို ပစ်ထည့်လိုက်သည်။
ခဏကြာသောအခါ မီးလင်းဖို သည် မီးညွှန့် များ လျှံလျှံတက်၍ တောက်လောင်နေသည်။
ယနေ့ တွင် ထူးထူးခြားခြား နတ်ဆိုး အသံတိတ်နေသည်။ အသံတိတ်နေသည် ဟုသာ ဆိုရတာ
နတ်ဆိုး၏ နှုတ်ခမ်းများက တစ်စုံတစ်ရာကို ရေရွတ်နေသလို လှုပ်ခတ်နေသည်။
နတ်ဆိုး၏ နှုတ်ခမ်းကို ကလစ်ပေး၍ အသံချဲ့ ကြည့်လိုက်သောအခါ နတ်ဆိုး၏
ညည်းတွားသံကို အံ့သြကြီးစွာ ကြားလိုက်ရသည်။ အတ္တဆိုတာ ဘာလဲ ….။ စွဲလမ်းမှု
ကိုယ်စီ နဲ့ ရှင်သန် ဖြတ်သန်းခဲ့ရတဲ့ နေ့ ရက်တွေဟာ တကယ်တမ်းကျတော့
လောင်စာတွေချည်းပဲ ဖြစ်နေခဲ့တယ်.။ လောင်စာ ။ ဘာအတွက် လောင်စာလဲ ။
ကိုယ့်ကိုကိုယ် ဘာအတွက် လောင်ကျွမ်းနေသလဲ…. ဘာအတွက်ပြာကျနေသလဲ ဆိုတာတောင်
မသိခဲ့ဘူး။ ရယ်မောသံတွေရဲ့ စစ်မှန်မှု အနှစ်သာရ ဟာ ပျောက်ဆုံးသွားတာ
အတော်ကြာခဲ့ပြီ။ စိတ္တဇအပြုံးတွေကို ရွှေချမနေကြပါနဲ့ တော့။ အသက်ရှူသံတွေကို
ဘယ်နှခါ ပြန်ပြီး နားထောင်ဖူးကြသလဲ။ တစ်ခါတစ်ခါ ခလုတ်တိုက်မိတဲ့
မိုးကြိုးသံနဲ့  ကိုယ့်ကိုကိုယ် ပြန်ပြန်ပြီး နှိုးနေရ။ တကယ်ဆို
မောပန်းသင့်နေပြီလေ။ ဒီလမ်းကို လျှောက်နေတဲ့ ခြေလှမ်းတွေဟာ ခြေကုန်လက်ပန်း
ကျသင့်နေပြီ။ နတ်ဆိုး၏ စကားလုံးများကို နတ်ကောင်း ဆက်လက် မကြားချင်တော့ ။
လေထဲမှာ ပျံဝဲနေတာကိုပဲ မြင်တတ်ကြတာ…. ကြိုးတန်းလန်းနဲ့  ဘယ်အချိန်
ရုတ်သိမ်းခံရမလဲ ဆိုတဲ့ သောက ကို မမြင်တတ်ကြဘူး။ နတ်ဆိုးသည် သံယောဇဉ်အချို
့ကို ဆွဲထုတ်လုံးချေ၍ မီးလင်းဖို ထဲသို့  ပစ်ထည့်လိုက်သည်။ ခရမ်းရင်ရင့်
မီးတောက်များ ဟုန်းခနဲ ထ တောက်သွားသည်။
*
အနုပညာ။
တဖြည်းဖြည်း နီးကပ်လာသော အရာများကို သေချာကြည့်လိုက်သော အခါ
မိုးမျှော်မြစ်ကမ်းမှာ ကြွေကျနေခဲ့သော ပန်းပွင့်များကို တွေ့ လိုက်ရသည်။
လိပ်ပြာတစ်ကောင်၏ တောင်ပံတွင် ငြိမ်းချမ်းရေး သင်္ကေတပုံကို
တက်တူးထိုးထားသည်။ အနိမ့်အမြင့် ကွာဟလွန်းသော အသံလှိုင်းများသည် နားထဲသို
့ဗရုတ်သုတ်ခ၀င်ေ၇ာက်သွားသည်။
အနက်ရောင် ခြယ်ထားသော
ညတစ်ညထဲတွင် အဖြူရောင် အချို့ နစ်မြုပ်နေသည်။ လွင်ပြင်ကျယ် စိတ်ကူးများဖြင်
့ သူတို့ တေးဆိုနေကြသည်။ ချောင်းရေစီးသံကို ကြားရသည်။ တောင်နံရံထက်တွင်
ကာရန်များ လှိုင်လှိုင်ပွင့်နေပြီ။ အဘယ်အရပ်မှာ အနှစ်တစ်သန်း
ရေခဲပန်းများပွင့် ဝေနေပြီလဲ။ ရနံ့ များကို ရှူရှိုက်ရမိသည်။
လမ်းကြောင်းတစ်ခုပေါ်တွင် ခပ်မှန်မှန်လျှောက်လှမ်းနေသော ရထားတစ်စင်းဆီမှ
တောင့်တမှုများ အူထွက်နေသည်ကို တွေ့ ရသည်။ အသစ်အဆန်းများကို
ဈေးဆစ်ဝယ်ယူတတ်သော ကမ္ဘာကြီးသည် ဇီဇာကြောင် သော အပျိုကြီး နှင့် တူသည်။
ကျိုးပဲ့နေသော အသက်ရှူသံများဆီမှ အ၇ှိတရားအချို့  ယိုစိမ့်ထွက်နေပါသည်။
လဲလှယ်ထားသော စွဲလမ်းမှုများကို နေ့ စဉ်သုံးစွဲနေရသည်မှာ
ပျင်းရိဖွယ်ကောင်းလှပါသည်။ အမှန်တကယ်တော့ ထို ကြယ်များအားလုံးသည်
အတုအယောင်များ ဖြစ်သည်။ ဘယ်သူမှ လက်မှတ်မထိုးရဲသော စာချုပ်တစ်ခုပေါ်သို့ 
အရူး တစ်ယောက် လက်မှတ်ထိုးရန် ပြင်နေသည်။ အနန္တစကြ၀ဠာတွင် ရနံ
့မဲ့သောပန်းများ ပွင့်ဝေလျက် ရှိသည်။
မြစ်ကို
ဖြတ်ကူးသော လက်တစ်စုံအတွက် လူသားတို့ ပေးအပ်သော ဆုလာဘ်မှာ ဆဲဆို
ကြိမ်းမောင်းမှုများ နှင့် ပြစ်တင်ဝေဖန်မှုများသာ ဖြစ်နေခဲ့သည်။
*
လူနှင့် သူ၏လူများ။
အရေခွံလဲဖို့ သင့်နေပြီဖြစ်သော ကမ္ဘာကြီးအတွက်
အားလပ်ရက်ပေးသင့်ပါသည်။ခြိမ်းခြောက်မှု များတွင် ကြောက်စရာမကောင်းဆုံးသော
ခြိမ်းခြောက်မှုမှာ ကမ္ဘာပျက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ရင်ကို ဆွဲဖွင့်၍
အနံ့ ဆိုးဆိုးလောကဓံများ ထည့်သွင်းသွားသူများမှာ သင်နှင့် သင်၏မိတ်ဆွေ
ဖြစ်သည်။ ထားရစ်ခဲ့ဖို့ သင့်သည် မှန်သော်လည်း ကမ္ဘာကြီးအပေါ်
ကျွန်တော်သံယောဇဉ်တွယ်နေပြီဖြစ်သည်။ စံလွဲနေသော ကျော်ကြားမှုများ ၊
လက်တစ်ထောက်စာ အောင်မြင်မှုများ သည်ပြီခဲ့သော သီတင်းတစ်ပတ်၏
ဂျာနယ်တစ်စောင်တွင် သော့ခတ် သိမ်းဆည်း ထားခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
လွယ်ကူသော မေးခွန်းများနှင့် လှေကားသဖွယ် အင်တာဗျူးတစ်ခုကို ကျောင်းပြီး ၍
အားလပ်နေသော ခေတ်ကောင်မလေးတစ်ယောက်က ပျင်း၇ိသန်းဝေရင်း ဖတ်ရှုနေသည်။ ထို
အင်တာဗျူး သည် သူမ ကြိုက်နှစ်သက်သော တက်သစ်စ မင်းသားလေး၏ အင်တာဗျူး
ဖြစ်သည်။ ကျော်သင့်သည်ကို ကျော်၍ ကျွန်တော်၏ ဦးနှောက်ကို
ပြန်လည်စီစစ်နေရသည်မှာ အလုပ်တစ်ခုလို ဖြစ်နေပြီ။
*
နားလည်မှု။
ရေထဲရှိ ငါးတစ်ကောင်၏ အိပ်မက်သည် ကောင်းကင်မှာ ပျံဝဲဖို့  မဟုတ်။
မျက်နှာချင်းဆိုင်နေတာတောင်မှ အမြင်တွေ က တထပ်တည်းမကျ။ မည်သူ၏ အမှားလဲဆိုတာ
အခုအချိန်မှာ မည်သူမှမပြောနိုင်ကြ။ ဆေးသောက်မှား နေသော ခေတ်၏
လိုအပ်ချက်များသည် တဏှာ၏ အကောင်းဆုံးလောင်စာများ ဖြစ်သည်။ အလျှော့ပေးခဲ့သည်
ဆိုသော်လည်း တစ်ရစ်တောင် မပြည့်တော့ ပေါက်ကွဲမှုများမှာ အကြိမ်အရေအတွက်
စိပ်စိပ်လာသည်။ မှားသင့် မှားထိုက်သည်များကို မှားယွင်း၍
တောင့်တသင့်သည်များ တောင့်တရင်း ညီမျှခြင်းသည် ယခုအချိန်တွင်
ဇာတ်လိုက်မဟုတ်တော့။တွင်း၏ အောက်ဆုံးတွင် အမှောင်မှလွဲ၍ အခြားမရှိကြောင်း
လူတိုင်း သိကြပါသည်။
သို့ သော်….။
*
မိုးအိမ်လူ
Instyle Magazine , June 2013 Issue
No comments:
Post a Comment