.
အခုတော့ ပြောချင်တာတွေ လွတ်လွတ်လပ်လပ် အားရပါးရ ပြောလို့ရပြီ
ရွာထဲက သိုးတွေ ဆိတ်တွေ ပျောက်တဲ့အကြောင်း။ မြို့လယ်က နာရီစင်ကြီး အချိန်မမှန်တဲ့အကြောင်း။
သူကောင်းတို့ အရပ်မှာ သဘာဝဘေးအန္တာရယ်တွေ များပြားလာတဲ့အကြောင်း။ ရိုးရာယဉ်ကျေးမှုတွေဟာ
လုပ်သင့်တဲ့ အလုပ်တစ်ခု အဖြစ်နဲ့ပဲ ။ ကြီးကြီးကျယ်ကျယ်ပြောရရင် သမိုင်းပေးတာဝန်ပေါ့။
မကွေးမြို့မှာ ရောက်ရှိနေတဲ့ လူသစ်တွေကို ကျွန်တော် မသိတော့ဘူး။ ဆင်းရဲနွမ်းပါးတဲ့
တောသူတောင်သားတွေမှာ မလုံခြုံတဲ့ စည်းရိုးနဲ့။ ယုတ်မာတဲ့ သူခိုးက တစ်နှစ်စာ စုဆောင်းရသမျှကို
တစ်ညတည်း အိပ်ရေးပျက်ခံပြီး သမ သွားတယ်။ ဘာတတ်နိုင်မှာလဲ။ ဟယ်ရီပေါ်တာ လို အစွမ်းရှိရင်လည်း
မှော်တောင်ဝှေးနဲ့ အစောင့်အကြပ်ဂါထာ ချထားလို့ ရသေးတယ်။ မပွင့်တဲ့ ပန်းတွေမှာလည်း ရနံ့
တစ်ခုခုနဲ့။ ရပ်ကြည့်နေစဉ်မှာပဲ ခင်ဗျားဟာ ဘက်ပြောင်းသွားတယ်.။ အမှားအမှန်မခွဲခြားနိုင်သေးတာကတော့ ခေတ်အဆက်ဆက်။
ကဗျာထဲကနေ ဘာသာစကားကို အသရေ ဖျက်လိုက်ပြီ။ လုပ်ကြံလိုက်ပြီ။ အဆုံးသတ်လိုက်ပြီ။ ရေးစရာမရှိတဲ့အခါ
ဦးပုညရဲ့ အလကာင်္တွေကို မျက်စောင်းထိုး၇မလိုလို။ ဒီခေတ်မှာ လူငယ်ဖြစ်ရတာ ခေါင်းခြောက်
သလို ကဗျာရေးရတာလည်း စိတ်ပျောက်နေပြီ။ မနေ့ကတည်းက သူတို့ ၀င်ရောက်ထွက်ခွာပြီးပြီ။ တစ်မိုးပြီး
တစ်နေ ပွင့်။ အရေးအကြောင်းဆို သေခြင်းကိစ္စက ၀င်လာပြန်တယ်။ မကစားတတ်ဘူး။ ငယ်ငယ်ကတည်းက
မအားခဲ့လို့ မကစားနိုင်ခဲ့ဘူး။ အခုလည်း ကစားခိုင်းနေပြန်ပြီ။ လွတ်ပြီဆို ပြီး ရမ်းချင်တဲ့
အဲဒီလက်တွေကြောင့်ပဲ ရှေ့နေတွေ ချမ်းသာဦးမယ်။ ဒါပါပဲ။ စိတ်ထဲမှာ မရှိတဲ့အတိုင်း ရှာဖွေလိုက်တာ။
မကွေးမြို့ကို ပြန်ချင်သလိုလိုနဲ့ မပြန်ချင်သေးဘူး။
မိုးအိမ်လူ
16.9.12
No comments:
Post a Comment