Monday, November 10, 2014

ကဗျာထဲမှာ ဘာမှထည့်မထားဘူး


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ငါ့အကြောင်း မပါဘူး
ငါ့အကြောင်း တော်တော်များများ ဇူကာဘာခ့် သိပြီးခဲ့ပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ဘာသာရေး၊ လူမျိုးရေးအကြောင်း မပါဘူး
အဲဒီအကြောင်းတွေကို အရေးအသားကောင်းကောင်း၊ ရသအစုံအလင်နဲ့
တရားမဝင် သတင်းဆိုက် ပေါင်းစုံက မျိုးစုံအောင် ရေးပြီးခဲ့ပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ အချစ်အကြောင်း လိင်အကြောင်း မပါဘူး
Status တွေနဲ့ အသစ်တိုးပွားလာတဲ့ Page တွေအရ
ငါ့ထက် လက်စောင်းထက် စိတ်အားတက်တဲ့သူတွေ ရှိတဲ့အကြောင်း သိခဲ့ပြီးပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ဘဝနာတဲ့အကြောင်း မပါဘူး
ဖီးနစ်ငှက်ကြီးရဲ့ နာဖျားမှု နဲ့ သူ့သားသမီးတွေရဲ့သောကကို ငါ့လောကဓံက မကျော်လွန်နိုင်တဲ့အကြောင်း ဝမ်းနည်းခဲ့ရပြီးပြီ။


ဒီတစ်ခါ ရေးမယ့်ကဗျာမှာ ကဗျာကအစ ခေါင်းစဉ်တပ်ထားတဲ့ အကြောင်းတရားတွေ အကုန်လုံး မပါဘူး
ပါဝင်ပတ်သက်ခြင်း ပြုလုပ်နိုင်စွမ်း မရှိတဲ့ စိတ်ရှိလက်ရှိ တွေရဲ့ စိတ်မရှိလက်မရှိ တဲ့အကြောင်း

အဲဒါတွေလည်း မပါဘူး ။


မိုးအိမ်လူ
၆၇၂၀၁၄၀၁၁၅

No comments:

Post a Comment