Monday, November 10, 2014

ငါ၏ ရက်သတ္တပတ်များ



ပြေးလွှားနေတဲ့ အရိပ်က ပင်မကိုယ်ထည်ကို ရှာဖွေနေခြင်း သက်သက်
အတ္တ ကို ရွှေရည်စိမ် သောက်သုံးသူများနှင့်တကွ
ပျောက်ဆုံးစရာ တနင်္ဂနွေ လည်းမရှိခဲ့ပါဘူး

နွေ တလျှောက်လုံး ကျွမ်းခဲ့သမျှ
မိုး နဲ့မှပဲ အငွေ့ပျံတော့တယ်

တောလယ်မှာ တောလဲသလို တောလည်ခဲ့တယ်
ငါ့အမှားကို ဒေါက်ထောက်ပြီးကြည့်နေကြသော
နှလုံးသားများနဲ့အတူ
ငယ်ပေါင်းကြီးဖော်တွေလို ရယ်မောခဲ့ပြီးပြီ။

မိုးအိမ်လူ

210720140145

No comments:

Post a Comment