Thursday, November 17, 2011

မိသားစု




လိပ်ပြာလေးတွေ
နှင်းဆီပင်ပေါ် ၀ဲတော့
သားငယ်လေးက
ပြေးဖမ်းတယ်

သားငယ်လေး
ကိုယ့်ခြေကိုယ် မနိုင်
ပြေးထွက်တော့
မေမေက လိုက် ထိန်းရတယ်

ဖေဖေကတော့
စိုးရိမ်တကြီး စကားသံတွေနဲ့
မေမေ့ကို မြန်မြန်ထိန်းဖို့
နှိုးဆော်လို့

ဒီလို ဖြစ်စဉ်တွေနဲ့
ခေတ်တွေပြောင်းသွားတယ်
အသက်တွေပြောင်းသွားတယ်
လူတွေ ပြောင်းသွားတယ်
ဝါဒတွေ ပြောင်းသွားတယ်

ဒီလို ဖြစ်စဉ်တွေနဲ့
သားငယ်ဟာ လိပ်ပြာလေးနောက် တကောက်ကောက် လိုက်တုန်း
မေမေဟာ သားငယ်နောက် တကောက်ကောက် လိုက်တုန်း
ဖေဖေဟာ မေမေနဲ့သားငယ်နောက်ကနေ တကြော်ကြော် အားပေးနှိုးဆော်တုန်း။

မိုးအိမ်လူ
17.11.2011

No comments:

Post a Comment