Monday, October 24, 2011

အိပ်မက်လေးအတွက်




ဆိုးရွားမှုလို့တော့ အမည်မတပ်ချင်ပါဘူး
ဒါပေမယ့်
ငါ့အိပ်မက်လေး စိတ်ဆင်းရဲနေတယ်

ကျောထောက်ပေးနိုင်စွမ်းလည်း မရှိ
နောက်ခံ ကောင်း လည်း မဖြစ်
အိပ်မက်လေးရဲ့ အိပ်မက်ဆိုးတွေကို
ငါ့ ဆီမှာပဲ ပူးဝင်စေချင်တော့တယ်

အစကတည်းက
ဘ၀က အနှုတ်ပြနေခဲ့တော့
အခု
မုန်တိုင်းတွေ အိမ်မပြန်တဲ့ ရာသီမှာ
သူ့အတွက်
ငါ အိပ်မက်ကောင်းတွေ ဖန်ဆင်းဖို့…
…. …. ….. ….. ….. ….. …… ………

ဆွံ့ဆွံ့အအ နဲ့ပါပဲ
ငါဟာ ညံ့ဖျင်းသူ တစ်ယောက်အဖြစ်။

မိုးအိမ်လူ

No comments:

Post a Comment