Monday, October 24, 2011

မောဟ ကဗျာ





အနာအဆာများလွန်းတဲ့
ကြမ္မာနဲ့
နွေရာသီ အားလပ်ရက်ဟာ
အနှုတ်လက္ခဏာ ထွက်နေတယ်
ဆန္ဒတွေကို
ကော်ပတ်စားရင်း
ခေတ်ပေါ်နာရီတွေကို
မကြည့်တတ်ဘူး

သချာင်္သဘောတရားနဲ့
အဲဒီ ထပ်ညွှန်းတွေကို
ပစ်မှတ်လို သဘောထား
နေ့တွေတောင်
အမှောင်ကျလို့

သစ္စာထံမှာ
ဝပ်တွားခယရင်း
အ၀တ်တစ်ထည် ကိုယ်တစ်ခုရဲ့
အညစ်အကြေးတွေက
ဘယ်ခေတ်ကတည်းက
စ တည်နေခဲ့သလဲ

အမည်မသိ သစ်ပင်ကို
ပေးချင်တဲ့ နာမည်ပေး
အောက်စီဂျင် နည်းနေတဲ့
ဒီလေထုမှာ မပျော်မွေ့တော့ဘူး
အကြောင်း….။

မိုးအိမ်လူ

No comments:

Post a Comment