Monday, October 24, 2011

လိုအပ်ချက်အရ တမ်းတခြင်း



အရပ်တစ်ပါးက
အသက်ရှုသံရဲ့ ကျန်းမာရေးကို
စိုးရိမ်တကြီး ဂရုတစိုက်
နေ နဲ့ အနီးဆုံးကျတဲ့ ရာသီတစ်ခုမှာ
ရေခဲရိုက်အောက်စီဂျင်တွေ
ရှားရှားပါးပါး
ရှားရှားပါးပါး အခန်းထဲကို ၀င်ရောက်
အ၀ါရောင် ဥယျာဉ်ဟာ
တစ်တောလုံး ဝေ လို့
တစ်တောလုံး ကြွေ လို့
ရှုနေကျအောက်ဆီဂျင်တွေ အလိုလို ရေခဲအရိုက်ခံနေကြတယ်။


မိုးအိမ်လူ

No comments:

Post a Comment