Sunday, August 21, 2016

ပန်းချီကားတစ်ချပ်




အပြာလိုင်းက
ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့မြစ်တစ်စင်း

အဝါလိုင်းက
စောင့်မျှော်ခြင်း သစ်ပင်

အနီလိုင်းက
အလံမလဲမီ နောက်ဆုံးပွင့်ထွက်သွားတဲ့ ကျည်ဆံ

အစိမ်းလိုင်းက
မအောင်မြင်လိုက်တဲ့ ရုပ်ရှင်

အခြားအရောင်များ
 ထည့်သွင်းရေးဆွဲခြင်း အလျဉ်းမရှိ ။

မိုးအိမ်လူ
၂၀၁၆

No comments:

Post a Comment