.
ပိတ်ထားတဲ့ သီလ လျော့ရဲရဲနဲ့ ဟောဒီ နှုတ်ခမ်းက မလှုပ် စိတ်က တလှုပ်လှုပ်
ကမ္ဘာအကြောင်း ကြားရသမျှ မကောင်းပါ
မြန်မာပြည် အညာစတိုလ် နံနက်စာ ထမင်းကြမ်းမစားဖြစ်တဲ့ ရက်စွဲတွေများဆို
နေ့လည်နေ့ခင်း ပူပူလောင်လောင် ဆာလောင်
လောင်မီးမြိုက် ပိုးပေါင်း သောင်းခြောက်ထောင်က ထိုးသုတ် ကိုက်ဖြတ်နေပုံအရ
အဲဒါက ဇီဝ လိုအပ်ချက် အစဉ်အတိုင်း
နောက် ငါးနှစ်နေရင် ဘာဖြစ်ရမယ် နောက်ဆယ်နှစ်နေရင် ဘာဖြစ်ရမယ် ကြိုတင်စီမံကိန်း
အကြီးစားတွေ မ၇ှိသော်ငြား
မနက်ဖြန်အတွက်တောင် နေခြည် မဖောက်ရသေးတဲ့ ယောင်နန ငနဲ တစ်ကောင် မြေလတ်မြို့တစ်မြို့မှာ
ငနီ ဖြစ်နေသလား
ကြက်သွန်ဖြူကို လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ထောင်လောက်က အာရှအလယ်ပိုင်းမှာ
စတင်သုံးစွဲတော့
ကိုယ်မှ မကြိုက်ဘဲ သိပ်တော့ စိတ်မ၀င်စားပါဘူး တ၀ူးဝူး တဝေါဝေါ ယန္တရားအသံတွေ
လူပါးစပ်က ခိုသံတွေ
နားကိုညည်းလို့ နားကို ပူလို့ နားကို မီးတောက်လို့ နားကို မနားရဘူး
နေ့စဉ်ရက်ဆက် ဖေဖေမေမေသိပါစ
ဟုတ်ကဲ့ အဲဒီ အတိုင်းပါပဲ ရှေ့မှာ ခင်းကျင်းထားတဲ့ နေ့ည အဆင်အယင်တွေက
စိတ်ပျက်စ ရာ ဆိုမလား စိတ်ညစ်စရာ ဆိုမလား မကောင်းတော့မကောင်းတာအမှန်အတိနှင့် မလှမပ။
6.5.12
မိုးအိမ်လူ
No comments:
Post a Comment