.
ပြီးတော့လည်း ပြီးတာပဲ မဆီမဆိုင် ဥပါဒါန်ကြီးတွေ လည်ပင်းကမချွတ် နေ့
ည အမှောင်အလင်း
ယနေ့သတင်းများ အမှောင် မချသော်ငြားလည်း စိတ်ချမ်းမြေ့ဖွယ်ရာမရှိ လမ်းသစ်နှင့်
ကျင့်သားမရသူတွေရဲ့ ကမ္ဘာ
ခေတ်ပေါ်အဆိုတော်မလေးတွေ အသည်းတွေ ထပ်တူထပ်မျှကွဲ ဆိုလိုက်တော့ သီချင်းတွေလည်း
နားထောင်ကောင်းသား
ဒီလိုနဲ့ ခေတ်ကြီးနဲ့ စိတ်ကောက်နေသူ အသိဥာဏ်တွေ နုံနည်းပြီးရင်း ခမ်းခြောက်
အငွေ့မပျံမီ အသက်မွေးဝမ်းကြောင်း ငါးမျှားချိတ် ချိုချိုကြီး အချိုတွေကြိုက်လို့ ဆီးချိုတွေ
ဖြစ်တော့မယ့် အနာဂတ်ကြီးပဲလား
ခင်ဗျားတို့ကို သတိရခြင်းနဲ့ ရေးတဲ့ ကဗျာများ ခင်ဗျားတို့ကို တမ်းတခြင်းနှင့်
အိပ်မက်ထဲမှာပဲ ဖတ်ရှုခဲ့ရတဲ့ ခင်ဗျားတို့ရဲ့ ကဗျာများ အမှန်တရား ထောင့်ချိုးများ အလင်းတွေ
များလို့ မျက်စိ ကျိန်းနေမလား နှလုံးသားတွေ ကျိန်းနေမလား
ကျွန်တော့်ရဲ့  စိတ်တွေ ကျန်းမာရေးမကောင်းဘူး အပျော်မသိ အပျက်မသိ နေ့ခင်းကြောင်တောင်
မှောင်တောင်တောင်
ဘမ်ကီမွန်နဲ့ ဒီချုပ် အီးယူ ပိတ်ဆို့မှု လျှော့ချရေး နိုင်ငံရေးအဖြာဖြာ
စီးပွားရေး အသွင်သွင် အားလုံး မြစ်ရေစီးအတိုင်း
မိခင်ကြီးရဲ့ ကျန်းမာရေ့းအကြောင်းလည်း မသိတော့ဘူး မတွေးတော့ဘူး စိတ်က
စိတ်ကို ပြန်လည် ပုန်းကွယ်
ဒီ စတိုရီကြီးထဲကနေ ကျွန်တော်လည်း မထွက်နိုင်တော့ဘူး ခင်ဗျားတို့နဲ့
ထပ်တူ။
4.5.12
မိုးအိမ်လူ
No comments:
Post a Comment