Saturday, February 18, 2012

အကျွမ်းထည်များ



နေခြည်ဖြာမယ် ထင်ခဲ့တဲ့ နေ့စွဲတွေဟာ
မျှော်လင့်သလောက် နွေးထွေးမှု မရခဲ့ဘူး
မျှော်လင့်တတ်တဲ့စိတ်ကသာ အမှားဖြစ်သွားတဲ့ အချိန်မျိုးမှာ
ကျွန်တော် ရဲ့ အိပ်မက်တွေ အလိုအလျောက် အကျွမ်းထည်ဘ၀ ရောက်သွားတယ်
ဒါဟာ ဖြစ်နေကျ လောက ဇာတ်လမ်းတစ်ပုဒ်
ဒါဟာ တွေ့နေကျ လောက ပြဇာတ်တစ်ပုဒ်
ဒါဟာ ခံစားနေကျ လောက တေးတစ်ပုဒ်
ဆောင်းမှ မကုန်သေးဘူး
နွေရဲ့အပူတွေ ကျူးကျော်ဝင်ရောက်လာတဲ့ နေ့လည်ခင်းတွေလိုမျိုး
ကျွန်တော်ရဲ့ နေ့စွဲတွေလည်း အလိုအလျောက်
..... .... ..... ..... ...
ခံစားရတာ မကောင်းလို့ ရေးလိုက်တဲ့ စာလွှာဟာ
ဆက်ရေးဖို့ ခွန်အားပြတ်တောက်သွား
အစဉ်အလာတွေ အတိုင်းပါပဲ
ကျွန်တော် ပိုင်ဆိုင်ပါတယ်ဆိုတဲ့ ကဗျာလေးတောင်
အလိုအလျောက်......။

မိုးအိမ်လူ

No comments:

Post a Comment