Thursday, October 27, 2011

လေး မလိုတဲ့ မြား



ဒဏ်ရာကြောင့်
နာကျင်မှုဟာ
နာမည် ပျက်ခဲ့တယ် တဲ့

အပြုအမူမပါတဲ့
လှုပ်ရှားမှုတွေ နဲ့
ပင်လယ်ရေမျက်နှာပြင်က
ကိုယ့်ကို ဆွဲနှစ်ခဲ့တယ်

ရောင်စဉ် ခုနှစ်ထပ်
ပြိုကျတုန်းကလေ..။

မိုးအိမ်လူ

No comments:

Post a Comment