Monday, December 12, 2011

ချစ်တာလား လွမ်းတာလား တစ်ခုခုတော့ တစ်ခုခုပဲ



ချစ်ရက်တွေလည်း ရှိလိမ့်မယ်
လွမ်းရက်တွေလည်း ရှိလိမ့်မယ်
ချစ်သူဘ၀ လောကဓံ ပန်းပေါင်းစုံ နဲ့
နေ့ရက်တွေဟာ ပြဿဒါးနီနီလေးထဲမှာ
ပိတ်မိလို့
တို့တွေ ပျော်ခဲ့ကြတယ်

အနူးညံ့ဆုံး မုန်တိုင်းတို့
တိုးဝှေ့စဉ်က
အတ္တလေးတွေ မီးပွင့်ခဲ့သလောက်
အကြမ်းတမ်းဆုံး အဖျက်ပိုးတွေလည်း ကျရော
စစ်မှန်တဲ့ သံယောဇဉ်က
အချစ်ကို ကောင်းကောင်း ဘာသာပြန်ပေးနိုင်ခဲ့တယ်

မပြောပြတတ်တော့ပါဘူး
သေချာတာတစ်ခုတည်းရယ်
အရမ်းချစ်တတ်သူ ငါဟာ
အရမ်းလွမ်းတတ်သူလည်း
ဖြစ်နေခဲ့ပြန်တယ်
မဆုံစည်းနိုင်ခြင်း အပူလောင်နေ့စွဲတွေထဲ။

မိုးအိမ်လူ

1 comment:

  1. တိတ်တဆိတ် ,ကဗျာတွေလာဖတ်သွားပါတယ်.........

    ReplyDelete