Sunday, December 18, 2011

ဝေး နေတဲ့ စိတ်



ဝေးကွာမှုတွေဟာ
ဘယ်လို အတိုင်းအတာနဲ့
ပြီးပြည့်စုံနေခဲ့သလဲ

ကိုယ်တစ်ယောက်အတွက်
အလွမ်းမိုးတွေရွာသွန်းပေးနေရတယ်ဆိုရင်
ကောင်းကင်ကြီးကို အားနာလှပါတယ်

ရုတ်သိမ်းလိုက်ပါတော့
ကိုယ် တစ်ယောက်တည်းပဲ
အမှောင်တစ်သိုက်နဲ့
အလင်းရောင်လေးကို
မျှော်တော့မယ်

ရောက်ခဲ့သည် ဖြစ်စေ
ရောက်ခဲသည်ဖြစ်စေ။

မိုးအိမ်လူ

No comments:

Post a Comment