Monday, December 5, 2011

ခင်ဗျားကို ကျွန်တော် ချစ်နေတယ်



သတိရခြင်း အကြောင်းမပါဘဲ ကျန်တာပြောရမယ်ဆို
ခင်ဗျားနဲ့ ပတ်သက်သမျှ အကုန် မေ့မရဘူး
ရမ္မက် လောဘတွေ မပါဘဲ စွဲလမ်းခြင်းက ပဲ
ကျွန်တော့်ဦးနှောက်ထဲကို ခင်ဗျားပုံရိပ်တွေ
အခါခါ တံဆိပ်ရိုက်
ခင်ဗျားက သိမယ်မထင်ဘူး သိဖို့လည်း သိပ်မလိုအပ်လှပါဘူး
ဘက်တစ်ခုတည်းမှာပဲ မီးပွင့်နေတဲ့ ကျွန်တော့်ရဲ့ မြတ်နိုးခြင်းတွေအတွက်
ခင်ဗျားရဲ့ ရောင်ပြန်ကိုလည်း အရေးတကြီး မွတ်မွတ်သိပ်သိပ် မလိုအပ်လှဘူး
ဘာပဲဖြစ်ဖြစ် သေချာတာ တစ်ခုက
ခင်ဗျားကို ကျွန်တော် ချစ်နေတာပဲ။

မိုးအိမ်လူ

No comments:

Post a Comment