Saturday, November 26, 2011

ခေတ်ပေါ် ကုန်သည် ၏ ရောင်းရေး ၀ယ်ရေး



ရာသီစာများ မပို့ပါနှင့်
ပေါ်ပင်များ မပို့ပါနှင့်
ကျီးအာသီးများ မပို့ပါနှင့်
အနံ့ဆိုး ခံတွင်းများ မပို့ပါနှင့်
ဆင်ခြင်မဲ့ ဦးနှောက်များ မပို့ပါနှင့်

ရှေးဟောင်း ကဗျာအချို့ လိုအပ်နေသည်
တကယ်မှန်သော အမှန်တရားအချို့ ပြတ်လပ်နေသည်
စစ်မှန်သော အနုပညာသမားများအတွက်
လက်ခုပ်သံများ ရှားပါးနေသည်
အလင်းဓာတ်များ ဖျော့တော့နေသည်
နှစ်ရှည် စေတနာများ များများပို့ပေးပါ

မနက်ဖြန်မရောက်လျှင်
ဘယ်တော့မှ မပို့ပါနှင့်

မိုးအိမ်လူ

No comments:

Post a Comment