ကောင်းကင် ပြာပြာကြီးကို ငေးကြည့်ရင်း ကျွန်တော့်ကိုယ် ကျွန်တော် တိမ်တွေလို လွင့်မျောလိုက်ချင်တယ်..။
ဘဝ
ဟာကောင်းကင်ကြီးလို လွတ်လပ်နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ နော်..။
ကောင်းကင်နဲ့ တိမ်တွေရဲ့ ဖမ်းစားမှနဲ့ ကျွန်တော် ရဲ့  အချိန်တွေ ဘယ်လောက်
ပျောက်ဆုံးသွားမှန်း မသိလိုက်ဘူး..။ ဒါပေမယ့် တန်ပါတယ်..။ ကျွန်တော် သူတို့
ဆီက လွတ်လပ်ခြင်းကို ကူးယူ ခံစားရလို့ တန်ပါတယ်...။
ကျွန်တော်
ငေးချင်တိုင်း ငေးလို့ ၀ သွားတော့ အိမ်ပြန်ဖို့  ထွက်ခဲ့တယ်..။
အိမ်အပြန်လမ်းလေးတိုင်း တစ်ယောက်တည်း လျှောက်နေရတာ နည်းနည်းတော့
ဆွေးချင်စရာ ကောင်းတယ်..။
ကိုယ့်အတွေးနဲ့ ကိုယ် လမ်းကျဉ်းလေးအတိုင်း လျှောက်လာတုန်းမှာပဲ တစ်စုံတစ်ယောက်ရဲ့ လှုပ်ရှားသံနဲ့အတူ စကားသံပါ ကြားလိုက်ရတယ်..။
“ ပြန်လာပြီလားကွ ”
ကျွန်တော့်ကို နှုတ်ဆက်တဲ့အသံပဲ ..။ ကျွန်တော် လှည့်ကြည့်လိုက်တော့
ဦးသစ်ပင်ကြီး ကို တွေ့လိုက်ရတယ်..။
“ မင်း ဟိုကောင်ြ့ကီးကို သွားငေး ပြန်ပြီလား ”
“ ဟုတ်.. စိတ်ပြေအောင်လို့ပါ ဦးရာ ”
ဦးသစ်ပင် ကို
မြင်ရတာ စိတ်ထဲမှာသိပ် မကောင်းဘူး..။ သူက သစ်ပင်နဲ့ မတူတဲ့ သစ်ပင်..။
ဒါပေမယ့် သူကတော့ သူကိုယ့်သူ သစ်ပင်လို့ အမြဲပြောတယ်..။ ခက်တာက သူက
သစ်ပင်နဲ့ မှာ လုံးလုံးမတူတာပဲ..။ ဟုတ်ပါတယ်လေ..။ တစ်ခါတစ်လေ ရွေးချယ်ခွင့်
မရှိဘဲ ရလိုက်တဲ့ ဘ၀ တွေက ဘာတံဆိပ်ကပ်ရမှန်းမသိဖြစ်နေတာ
တော်တော်ဆိုးပါတယ်..။ ဒါပေမယ့် ဦးသစ်ပင်ကြီါ်ကတော့ သူ့ဘ၀ကို သူ
ပျော်နေပုံပါပဲ..။ ငြင်းပယ်လို့မှ မရတာ..
ပျော်ပျော်ကြီးလက်ခံရုံပဲပေါ့နော်။
ဒါဆို ကျွန်တော်ကကော
ဘာလဲ..။ ကျွန်တော့်ကိုယ် ကျွန်တော် ဘာမှန်း မသိပါဘူး..။
သက်ရှိဆိုတာကလွဲပြီး ကျွန်တော်ဘာဆိုတာ တကယ်မသိပါဘူး..။
ဦးသစ်ပင်ကြီးကိုမေးကြည့်တော့..
“ မင်းလား... မင်း က ... အင်း ခဏ.. ငါ မင်း အဘိုးရဲ့ ပုံကို ပြမယ်..။
မင်းက သူနဲ့ တထေရောတည်းကွ.. ဟဲဟဲ..။”
ကျွန်တော်ပျော်သွားတယ်..။
အခု ကျွန်တော်ကိုယ် ကျွန်တော် ဘာဆိုတာ သိရတော့မယ်..။ အရင်က
ကျွန်တော်ကိုယ့်အကြောင်းကိုယ် မေ့ထားခဲ့တာ အတော်ကြာပြီ..။
“ ဟောဟော တွေ့ပြီ..။ ဒီမှာ မင်း အဘိုးပုံ..။ တစ်နည်းအားဖြင့် .. မင်းပုံပေါ့ကွာ..။”
ဟင် ... ဟုတ်ကော
ဟုတ်ရဲ့လား..ကျွန်တော် တကယ် အံ့သြသွားမိတယ်..။လောကကြီးမှာ ကျွန်တော်ဟာ
မရပ်မနား စီးဆင်းနေရတဲ့ ချောင်းငယ်ကလေးတဲ့လား..။ ကျွန်တော် ကိုယ့် ဘဝ
ကိုကြည့်ပြီး ရင်မောသွားမိတယ်..။
မိုးအိမ်လူ
No comments:
Post a Comment